ABN-ရှိုင်းမိုး
အိန္ဒိယနိုင်ငံ၏ အတိုက်အခံခေါင်းဆောင် ကွန်ကရက်ပါတီ ဥက္ကဋ္ဌရာဟူးဂန္ဒီက ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီကို ” သူခိုး ” ဟုပြောဆိုမှုကြောင့် အသရေ ဖျက်မှု ပုဒ်မဖြင့် ထောင်ဒဏ် ၂နှစ်ချမှတ်လိုက်သည်ဟုသိသည်။
၂၀၁၉ ခုနှစ်က ရွေးကောက်ပွဲတွင် ရာဟူးဂန္ဒီက ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီ၏ မျိုးနာမည်ကိုရွတ်ဆိုပြီး သူခိုးဟုဟောပြောခဲ့သောကြောင့် ဂူဂျာရတ်ပြည်နယ် တရားရုံးကတရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ရာဟူးဂန္ဒီအနေဖြင့် ချက်ချင်း ထောင်အကျဥ်းချခံရမည်မဟုတ်ဘဲ ၁ လအာမခံဖြင့် အယူခံဝင်နိုင်သေးသည်။
၂၀၁၉ ခုနှစ်က ကာနာတာကာပြည်နယ်တွင် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးဟောပြောနေစဥ် ရာဟူးဂန္ဒီက ” ဘာကြောင့် သူခိုးတွေအားလုံးရဲ့နာမည်အရင်းမှာ မိုဒီပါနေရသလဲဟု” ပြောဆိုခဲ့သည်။
ထိုသို့အမိန်ချခံရပြီးနောက် မစ္စတာ ဂန္ဒီက ” ဒီမိုကရေစီကို အလေးထားလို့” သူဒီမိန့်ခွန်းကိုပြောခဲ့တာလို့ တရားသူကြီးကို ပြောခဲ့ကြောင်း သူရဲ့ရှေ့နေ ကာရစ်ပန်ဝါလာက BBC သတင်းဌာနသို့ပြောခဲ့သည်။
” လူတစ်ယောက်က ရှေ့နေအားလုံးသူခိုးတွေပါလို့ပြောလာတိုင်း ကျွန်တော့်ကိုအသေရေဖျက်မှုနဲ့ ကျွန်တော်တရားစွဲလို့မရပါဘူး” ဟုကွန်ဂရက်ပါတီက ရာဟူးဂန္ဒီအမှုနှင့် ပတ်သက်၍ အယူခံဝင်သွားမည်ဟုဆိုသည်။
ရာဟူးဂန္ဒီ၏ အကျိုးဆောင်များက အချက် ၄ချက်ကို အခြေခံပြီး ရာဟူးဘက်မှ ကာကွယ်ပေးသွားမည်ဟုဆိုသည်။
အိန္ဒိယနိုင်ငံ၏ အသေရေဖျက်မှုရာဇဝတ်ဥပဒေမှာ ဗြိတိသျှကိုလိုနီခေတ်ကရေးဆွဲထားသော ဥပဒေဖြစ်ပြီး အများဆုံးထောင်ဒဏ် ၂နှစ်၊ သို့မဟုတ် ဒဏ်ငွေဖြစ်စေ ပြစ်ဒဏ်ဖြစ်စေ ကျခံရနိုင်သည်။