သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ယနေ့ ရခိုင်တွင် လူကြီးရောက်၍ မီးလင်း

ABN-ရာဟု

စစ်ကောင်စီခန့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်သစ် ဗိုလ်မှူးကြီး (ငြိမ်း) ထိန်လင်းသည် ယနေ့ ဖေဖော်ဝါရီလ ၉ရက်နေ့တွင် ရခိုင်ပြည်ရှိမြို့နယ် အချို့ကို သွားရောက်နေသည့်အတွက်ကြောင့် ရခိုင်ပြည်ရှိ သူသွားရောက်မည့်မြို့နယ်များတွင် လျှပ်စစ်မီး လင်းလျက်ရှိနေသည်ကို တွေ့ရသည်။

ဝန်ကြီးချုပ် သွားရောက်နေသည့် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားမြို့နယ်များတွင် လျှပ်စစ်မီး ပြတ်တောက်ခြင်း မရှိဘဲ လင်းလျက်ရှိနေပြီး လမ်းမကြီးများတွင်လည်း ရဲနှင့်စစ်သားများက လုံခြုံရေးများယူနေကြောင်းသိရှိရသည်။

“မီးကတော့ခုထိလင်းတုန်းပဲ။ ညကတည်းက ခုထိမပျက်သေးဘူး။ လူကြီးခရီးစဥ်ရှိတယ်လို့ပြောသံကြားတယ်၊ ခရီစဥ်ရှိမှာသေချာတယ် မီးလုံးဝမပျက်သေးဘူး” ဟု ကျောက်တော်မြို့မှအမည်မဖော်လိုသူတစ်ဦးက ပြောဆိုသည်။

ရခိုင်တွင် နေ့ခင်းဖက် တနေ့လျင် ၈ နာရီမှ ၉ နာရီထိမီး​ဖြတ်ခံထားရပြီး ည လူအိပ်ချိန်တွင် တညလုံး မီးမဖြတ်ဘဲ ထားလေ့ရှိသည်။

မြောက်ဦးမြို့ပေါ်တွင်လည်း ပုံမှန် မီးဖြတ်သည့်အချိန် ရောက်နေသော်လည်း မီးမပြတ်ဘဲ မီးလင်းနေဆဲ ဖြစ်ပြီး လမ်းမကြီးများတွင်လည်း သန့်ရှင်းရေးများလုပ်ဆောင်နေကြကြောင်း အမည်မဖော်လိုသည့် မြောက်ဦးမြို့ခံတစ်ဦးက ပြောဆိုသည်။

“၉ရက်နေ့ ဝန်ကြီးချုပ်ရောက်မယ်တဲ့၊မနေ့ညကတည်းကမီးလာတာ ခုချိန်ထိမပျက်သေးဘူး။လမ်းမတွေမှာလည်း သန့်ရှင်းရေးတွေလုပ်နေကြတာ တအားဘဲ၊မီးကတော့ ဒီနေ့ပြတ်မယ်မထင်ဘူး”ဟု မြောက်ဦးမြို့ခံတစ်ဦးကABNကိုပြောဆိုသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ထိန်လင်းမှာ စစ်ဗိုလ်မှူးကြီး (ငြိမ်း) တစ်ဦးဖြစ်ကာ ယခင်က ရခိုင်ပြည် နယ်လုံဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲဖူးသူဖြစ်ပြီး ယခုခရီးစဥ်မှာ ၎င်း၏ပထမဆုံး ရခိုင်ပြည်ဝန်ကြီးချုပ် ခရီးလည်းဖြစ်ကြောင်းသိရှိရသည်။

ဝန်​ကြီးချုပ်ထိန်လင်းနှင့်အတူ လူကယ်ပြန် ဒေါ်သက်သက်ခိုင်လည်း ပါကြောင်း သိရသည်။

ယနေ့ ရခိုင်တွင် လူကြီးရောက်၍ မီးလင်း

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ