သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မဲတုနဲ့ တရားဝင်ဖြစ်အောင် မြန်မာစစ်တပ်လုပ်နေဟု UN ကျွမ်းကျင်ပညာရှင်ပြော

ABN-ရှိင်းမိုး

မြန်မာနိုင်ငံ၏ စစ်အာဏာရှင်များသည် ယခုနှစ် ရွေးကောက်ပွဲကို “အတုအယောင်” ကြိုးကိုင်ခြင်းဖြင့် တရားဝင်မှုကို ရယူရန် စီစဉ်နေပြီး တရားမဝင်နှင့် အစွန်းရောက်မဲများကို ပယ်ချရန် နိုင်ငံအားလုံးကို တိုက်တွန်းထားကြောင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော UN အထူးစုံစမ်းစစ်ဆေးသူက အင်္ဂါနေ့က သတိပေးခဲ့သည်။

လူ့အခွင့်အရေးနှင့် ဒီမိုကရေစီကို ပံ့ပိုးပေးပြီး စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်ကြသည့် မြေအောက်အဖွဲအစည်းများကို မြန်မာနိုင်ငံ ပြည်သူများ၏ တရားဝင် ကိုယ်စားလှယ်များအဖြစ် အသိအမှတ်ပြုရန်လည်း UN ကျွမ်းကျင်ပညာရှင် တွမ် အန်ဒရူးစ်က နိုင်ငံတကာကို တောင်းဆိုထားသည်။

ရွေးကောက်ခံ ဒေါ်အောင်ဆန်းစုကြည်အစိုးရ ဖြုတ်ချခံရသည့် နှစ်ပတ်လည်နေ့ အကြိုအစီရင်ခံစာတွင် လူ့အခွင့်အရေးကောင်စီသို ၂၀၀၈ ဖွဲစည်းပုံ အခြေခံ ဥပဒေ အရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က အာဏာသိမ်းခဲ့မှုသည် တရားမဝင်ဖြစ်ပြီး “မြန်မာအစိုးရသည် တရားမ၀င်”ဟု အခိုင်အမာ ပြောဆိုထားကြောင်း အန်ဒရူးစ်က ပြောသည်။

“မြန်မာစစ်တပ်ရဲ့ တရားဝင်အစိုးရဖြစ်ချင်တဲ့ ရည်မှန်းချက်ပန်းတိုင်းအောင်မြင်ရေး၊ ပုန်ကန်မှုကြားက နိုင်ငံကို ထိန်းချုပ်နိုင်ရေးလုပ်နိုင် မလုပ်နိုင်ဆိုတာက ကုလသမဂ္ဂ အဖွဲဝင်နိုင်ငံတွေမှာ အရမ်းကို အရေးကြီးတဲ့ တာဝန်ယူမှုတွေနှင့် ဆုံးဖြတ်ချက်ချရမယ့်အပိုင်းတွေကို လုပ်ဆောင်ရမှာဖြစ်ပါတယ်” အန်ဒရူးစ်ကဆက်ပြောသည်။

“အတိုက်အခံတွေကို ဖမ်းဆီး၊ ထိန်းသိမ်း၊ ညှဉ်းပန်းနှိပ်စက်၊ ကွပ်မျက်ပြီး၊ သတင်းထောက်တွေကို သူတိုရဲ့ အလုပ် တားမြစ်ထားတာနှင့် စစ်တပ်ကို ဝေဖန်ရင် ရာဇ၀တ်မှုလို စစ်တပ်က စွပ်စွဲတာတွေဟာ လွတ်လပ်ပြီးတော့ တရားမျှတတဲ့ ရွေးကောက်ပွဲမျိုး မကျင်းပနိုင်ပါဘူး”ဟု အင်ဒရူးစ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အာဏာသိမ်းမြန်မာစစ်တပ်ကို တရားဝင်အစိုးရအဖြစ် နိုင်ငံတကာအသိုင်းအဝိုင်း အများစုက ငြင်းဆိုထားပြီး တရုတ်၊ ရုရှား၊ အိန္ဒိယ၊ Belaurs၊ ဆော်ဒီအာရေးဗီးယားနှင့် သီရိလင်္ကာတို အပါအဝင် အနည်းစုက စစ်အစိုးရခေါင်းဆောင်များကို သံတမန်ရေးဆိုင်ရာနှင့် စစ်ဘက်နှင့် စီးပွားရေး ဆက်ဆံရေးစသည့်တိုဖြင့် အသိအမှတ်ပြုမှု လုပ်ရပ်များကို လုပ်ဆောင်ခဲ့ကြောင်း ၎င်းက မှတ်ချက်ပြုသည်။

နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် NUG အစိုးကို အသိအမှတ်ပြု ထောက်ပံ့ကြရန် တောင်းဆိုထားပြီး အမေရိကန်၊ ဥရောပသမဂ္ဂနှင့် ကနေဒါတိုက အမျိုးသား စည်းလုံးညီညွတ်ရေး အစိုးရနှင့် တိုးမြှင့် ဆက်ဆံရန် အားပေးကြောင်း Andrews က ပြောကြားခဲ့သည်။

သတင်းစာရှင်းလင်းပွဲတွင် အင်ဒရူးစ်က သူရဲ့ အစီရင်ခံစာကို တင်ပြရာတွင် မြန်မာ၏အခြေအနေကို “မေ့လျှော့ခံစစ်ပွဲ-Forgotten War” ဟုခေါ်ဆိုခဲ့ပြီး “စစ်အစိုးရ၏ လူသားမျိုးနွယ်အပေါ် စနစ်တကျပြစ်မှုကျူးလွန်ခြင်းများနှင့် စစ်ရာဇ၀တ်မှုကျူးလွန်ခြင်း” အကျပ်အတည်းကို နိုင်ငံတကာအသိုက်အဝန်းက ဖြေရှင်းရန် ပျက်ကွက်ခဲ့ကြောင်း စွပ်စွဲပြောဆိုခဲ့သည်။

စစ်တပ် အာဏာသိမ်းပြီး ၂ နှစ်အတွင်း အနည်းဆုံး လူ ၂၉၀၀ ထက်မနည်း သေဆုံးခဲ့ပြီး လူပေါင်း ၁၇၅၀၀ ခန့် နိုင်ငံရေး အကျဉ်းသားဖြစ်ကာ ဆေးခန်း၊ စာသင်ကျောင်း၊ အိမ်ခြေ ၃၈၀၀၀ မီးလောင်ခံခဲ့ရကြောင်း သူကပြောသည်။ ထိုအပြင် လူပေါင်း ၁.၁ သန်း အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး ကလေး ၄ သန်းကျော်သည် တရားဝင်ပညာရေးကို မရရှိနိုင်တော့ဘဲ ၂၀၂၃ ခုနှစ်တွင် လူ ၁၇.၆ သန်းသည် အာဏာသိမ်းမှုမတိုင်မီ ၁ သန်းထက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်မည်ဟု မျှော်လင့်ထားကြောင်း ၎င်းက ဆိုသည်။

Yale Law School နှင့် Harvard’s Asia Center တွင်အလုပ်လုပ်နေသည့် အမေရိကန်လွှတ်တော်အမတ်ဟောင်း Andrews က မြန်မာနိုင်ငံတွင် အကျပ်အတည်းကို ညှိနှိင်းပြီး နိုင်ငံတကာက တုံပြန်မှုအသစ်တစ်ခု ပြုလုပ်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ရွေးကောက်ခံဒေါ်အောင်ဆန်းစုကြည် အစိုးရကို စစ်တပ်က ဖြုတ်ချ အာဏာသိမ်းခဲ့မှုကြောင့် လူထုဆန္ဒပြပွဲများ ကျယ်ကျယ်ပြန့်ပြန့်နှင့် ကြုံတွေ့ခဲ့ရပြီး လုံခြုံရေးတပ်ဖွဲဝင်များက အင်အားသုံး ဖြိုခွင်းခဲ့သည်။ ပြည်သူများ၏ အကြမ်းမဖက်ဆန္ဒပြမှုများသည်လည်း အချည်းနှီးဖြစ်ခဲ့ပြီး လက်နက်ကိုင်တော်လှန်ရန် စစ်တပ်က တွန်းပိုခဲ့ကြောင်း၊ ယင်းကို အချိုသော ကုလသမဂ္ဂ ကျွမ်းကျင်သူများနှင့် အခြားသူများက “ပြည်တွင်းစစ်”ဟု သတ်မှတ်ကြသည်။

အန်ဒရူးစ်၏ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသို အစီရင်ခံစာအရ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ အာဏာသိမ်းမှု ၂၂ လအတွင်း တပ်မတော်နှင့် စစ်အစိုးရဆန့်ကျင်ရေး၊ တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲများနှင့် အခြားအုပ်စုများအကြား တိုက်ခိုက်မှု သိုမဟုတ် လက်နက်ကိုင် တိုက်ပွဲပေါင်း ၁၀,၀၀၀ ခန့် ရှိခဲ့သည်ဟု ထိုအစီရင်ခံစာတွင် ပါရှိသည်။

အင်ဒရူးစ်သည် အရှေ့တောင်အာရှနိုင်ငံများ၏အသင်းအဖွဲဝင်အားလုံးကို စစ်အစိုးရနှင့် ဝေးဝေးနေရန်၊ ၎င်း၏လုပ်ရပ်များကို ရှုတ်ချရန်နှင့် နိုင်ငံတကာ ပိတ်ဆိုအရေးယူမှုများကို တွန်းအားပေးရန် တိုက်တွန်းထားသည်။ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ဖီလစ်ပိုင်နှင့် ဘရူနိုင်းတိုသည် သံတမန်ရေးအရ ထိတွေ့ဆက်ဆံမှုကို လျှော့ချပြီး တရားဝင်မှုရှိကြောင်း ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်တိုက စစ်တပ်နှင့် စေ့စပ်ထားသော်လည်း ဗီယက်နမ်နှင့် ကမ္ဘောဒီးယားတိုက အသိအမှတ်ပြုမှုနှင့် မညီမျှဟု ပြောသည်။

မြန်မာနိုင်ငံသည် အာဆီယံအဖွဲဝင်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင်က ၂၀၂၁ ခုနှစ် ဧပြီလတွင် အဆိုပါအဖွဲ၏ စီမံချက် ( ၅ )ရပ်ကို သဘောတူညီခဲ့ပြီး အကြမ်းဖက်မှုများကို ရပ်တန့်ရန် သက်ဆိုင်ရာ အင်အားစုအားလုံးအကြား ဆွေးနွေးညှိနှိင်းမှုများ ပြုလုပ်ရန် အာဆီယံအထူးသံတမန်က ဆွေးနွေးခဲ့သော်လည်း၊ အကောင်အထည်ဖော်ရန် စစ်အစိုးရက အနည်းငယ်သာ အားထုတ်ခဲ့သည်။

နိုင်ငံတကာ ပိတ်ဆိုအရေးယူမှုများသည် ၎င်း၏ စစ်ဆင်ရေးများ ဆက်လက်လုပ်ဆောင်ရန် စစ်အစိုးရအတွက် လှုပ်ရှားရန်နှင့် ရန်ပုံငွေများ ရယူရန် ခက်ခဲစေသည်ဟု သူ့၏ စုံစမ်းစစ်ဆေးမှုများတွင် တွေ့ရှိထားကြောင်း Andrews က ပြောကြားခဲ့သည်။ သိုသော်လည်း “ပြဿနာက ပိတ်ဆိုအရေးယူမှုတွေ ဟန်ချက်မညီတာဘဲ” ဟု ၎င်းက ဆက်ဆိုသည်။

AP သတင်းဌာနတွင် ဖော်ပြထားသည့် UN expert: Myanmar junta will seek legitimacy in `sham’ vote ဆောင်းပါးကို Arakan Bay News သတင်းဌာနမှ ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ