သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အစားအသောက်ပြတ်လပ်နေသည့်ကြားမှ “မျိုးချစ်ဆန်အလှူ” လှူဒါန်းကြရန် မြောက်ကိုးရီးယားနိုင်ငံသားများ ဖိအားပေးခံနေရ

“ဒီနေ့စားဖို ဆန်တောင်မရှိတာ၊ ဘယ်လိုလုပ်ပြီး “မျိုးချစ်ဆန်အလှူ” ပေးနိုင်မှာလဲ”

မြောက်ကိုရီးယားနိုင်ငံတွင် အစားအသောက်ပြတ်လပ်မှုအကြီးအကျယ်ဖြစ်ပွားနေသော်ငြားလည်း စစ်တပ်၊ ပါတီအကြီးအကဲများ၊ သိပ္ပံပညာရှင်များနှင့် လိုအပ်သူများအသုံးပြုနိုင်ရန် “မျိုးချစ်ဆန်အလှူ” လေးငါးကီလိုခန့် လှူဒါန်းကြရန် အစိုးရမှ ပြည်သူပြည်သားများကို ဖိအားပေးလျှက်ရှိကြောင်းသိရသည်။

သတ်မှတ်ထားသော ပမာဏကို သည်နှစ်မကုန်ခင် ပေးသွင်းရန် ပျက်ကွက်သူများကို လူသိရှင်ကြားဝေဖန်ကာ နိုင်ငံရေးအကျဥ်းစခန်းများသို့ ပို့ဆောင်မည်ဖြစ်ပြီး ပိုဆိုးပါက အလုပ်ကြမ်းလုပ်ရသည့် စခန်းများကို ပို့မည်ဟု သတင်းရင်းမြစ်များကဆိုသည်။

လူအမြောက်အများ သူတို့ကို သူတို့စားဖို့တောင်အနိုင်နိုင်ဖြစ်နေသည့် အချိန်မှာမှ ဤကဲ့သို့ လှူဒါန်းရန် အတင်းအကျပ်ဖိအားပေးခံရခြင်းကို လူအများအပြားက ညဥ်းတွားနေကြသည်။

“သူတို့ကပြောတယ်၊ ကျွန်တော့်မှာ ဒီနေ့စားစရာမရှိဘူး၊ ဘယ်လိုလုပ်ပြီး မျိုးချစ်ဆန်အလှူပေးနိုင်မှာလဲ” ဟု လုံခြုံရေးကြောင့် အမည်မဖော်လိုသည့် ပြုံယမ်းမြောက်ပိုင်း အရှေ့မြောက်ခရိုင်နေ ဒေသခံတစ်ဦးမှ ဆိုသည်။

“မျိုးချစ်ပြီး အသိဉာဏ်ရှိရင် စားစရာတွေ ဝေမျှနိုင်ရမယ်လို့ အစိုးရမှ ဒေသခံများကို ပြောသည်” ဟု သတင်းရင်းမြစ်တစ်ဦးမှ ဆိုသည်။

“တကယ်လို့ ကျွန်တော့်မှာ စစ်မှန်တဲ့ မျိုးချစ်စိတ် ရှိရင်ရော ဆန်စပါးတွေက မိုးပေါ်က ကျလာမှာလား” ဟု သူကဆိုသည်။

ထိုကဲ့သို လှူဒါန်းရမည် ဆိုသော အမိန့်ထုတ်ပြန်ချက်သည် ဗဟိုကော်မတီမှ ထုတ်ပြန်ချက်ဖြစ်သည်။ ဗဟိုကော်မတီသည် မြောက်ကိုရီးယား၏ မကြာသေးခင်က ဒုံးကျည်များပစ်လွှတ်ခြင်းသည် ပါတီ၏ ကောင်းကျိုးနှင့် နိုင်ငံ့ဂုဏ်သိက္ခာတိုးတက်လာရေးအတွက် လုပ်ဆောင်သော ဥပမာတစ်ခုဖြစ်ကြောင်း အများပြည်သူသို ပြောကြားသော်လည်း နိုင်ငံတွင် အစားအသောက်ပြတ်လပ်မှုအကြောင်း အသိပေးခြင်းမှာ အလွန်နည်းပါးသည်။

“ဗဟိုကော်မတီက သူတို့ဟာ အရမ်းကိုမြင့်မားတဲ့ အဆင့်အတန်းကို ရောက်ရှိခဲ့တယ်လို့ ပြောကာ မြောက်ကိုရီးယားနိုင်ငံရဲ့ စွမ်းအားနဲ့ အဆင့်အတန်းကို ချီးကျူးဂုဏ်ပြုကြတယ်၊ ပြီးရင် အစားအသောက်ရှားပါးပြတ်လပ်မှုကို မျိုးချစ်စိတ်နဲ့ ဖြေရှင်းကြရမယ်” ဟုဆိုသည်။

သို့ရာတွင် သာမန်ပြည်သူများနှင့် လယ်သမားများသည် သူတို့သတ်မှတ်ပမာဏထက်များပြားတဲ့ ဆန်ပမာဏကို ပေးရသည့် ဖြစ်ရပ်များရှိသည် ဟုဆိုသည်။

ဤနှစ်အတွင်း အအေးဓာတ်လွန်ကဲမှုနှင့် စပါးစိုက်ပျိုးချိန်ရာသီဖြစ်သည့် ဂျူလိုင်လအတွင်း နေရောင်ကိုဖုံးကွယ်သည့် တိမ်ထူထပ်မှုကြောင့် မြောက်ကိုရီးယားနိုင်ငံ၏ စပါးအထွက်နှုန်းလျော့ကျခဲ့သည် ဟု တောင်ကိုးရီးယားနိုင်ငံ၏ ‌ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့က မြောက်ကိုရီးယားနိုင်ငံ၏ စိုက်ပျိုးထုတ်ကုန် နှစ်စဥ်ခန့်မှန်းချက် နှင့်ပတ်သက်၍ ပြောကြားထားသည်။

ယင်းအဖွဲ့၏ ခန့်မှန်းချက်အရ မြောက်ကိုရီးယား၏ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုပမာဏမှာ တန်ချိန် သန်းပေါင်း ၄.၅၁ မှ ၁၈၀,၀၀၀ ခန့် လျော့ကျသွားသည် ဟု ဆိုသည်။

လျှို့ဝှက် စျေးသည်များ

ဆန်ကို ‌‌ဒေသတွင်း စျေးများတွင် ဝယ်ယူမရရှိနိုင်တော့ဘဲ ပုဂ္ဂလိကဆန်စပါး ‌ရောင်းဝယ်ခြင်းများကိုလည်း ကန့်သတ်ထားသည် ဟုဆိုသည်။ ထိုသို့ တားမြစ်ထားသဖြင့် ဝေမျှရန် ဆန်အပိုမရှိသူများအတွက် ပြဿနာဖန်တီးပေးရာကျနေသည်။ သို့သော်လည်း အိမ်နီးချင်းများတွင် ပမာဏအနည်းငယ်ရောင်းသော လျှို့ဝှက်စျေးသည်များ ရှိသည်ဟု သတင်းရင်းမြစ်မှ ဆိုသည်။

ဗဟိုအစိုးရမှ ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် နိုင်ငံသားတစ်ယောက်ချင်းစီအတွက် သူတို့၏ စီးပွားရေးအခြေအနေပေါ်မူတည်၍ မည်သည့်ပမာဏ လှူဒါန်းရမည်ကို ပြဌာန်းသတ်မှတ်ထားသည်။

နိုင်ငံသားအများစုမှာ ဆန် ၅ကီလို (၁၁ ပေါင်)၊ လယ်သမားများမှာ ၁၀ ကီလိုမှ ၁၅ ကီလို၊ ကျောင်းသား၊ ကျောင်းသူများနှင့်အသက်ကြီးသူများမှာ ၂ ကီလိုမှ ၇ ကီလို ကြားလှူဒါန်းရမည် ဟုဆိုသည်။

အာဏာပိုင်များသည် ပြည်သူများကို သတ်မှတ်ပမာဏ၏ ဆန်တစ်ဂရမ်မျှ လှူဒါန်းခြင်းသည်လည်း အမျိုးကိုချစ်ခြင်းဖြစ်ကြောင်း ပြောကြသည် ဟု သတင်းရင်းမြစ်မှဆိုသည်။

အာဏာပိုင်များသည် လယ်သမားများကို တစ်နှစ်ထက် မပိုသော ၊ အနည်းဆုံး ခြောက်လခန့် စည်းကမ်းကြီးသည့် အလုပ်ကြမ်းစခန်းများတွင် စနစ်တကျစီစဥ်ထားသော အတွေးအခေါ်ပိုင်းဆိုင်ရာ ဝေဖန်မှုနှင့် အပြစ်ပေးမှုဒဏ်ကို ကျနိုင်ဖွယ်ရှိသည် ဆိုကာ ခြိမ်းခြောက်ကြသည်။

လယ်သမားများသည် ဒီဇင်ဘာလ ၃၀ ရက်မတိုင်ခင် လှူဒါန်းမှုကို ပြီးစီးအောင်လုပ်ရမည်ဟု ဆိုသည်။

“အရင်တုန်းကလည်း မျိုးချစ်ဝါဒကို အတင်းသွပ်သွင်း ၊ ကျင့်သုံးခိုင်းတာတွေ ရှိပါတယ်၊ ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်တွေနဲ့ စာရင် ဒီနှစ်က လယ်လုပ်ငန်းက အဆင်မပြေဘူးလေ၊ ဒါကြောင့် ဒေသခံတွေက အစားအစာရှားပါးမှာကို စိုးရိမ်နေကြတာပါ” ဟု သတင်းရင်းမြစ်မှ ဆိုသည်။

“ကျွန်တော်တို့ ပြည်သူ့တပ်မတော်မှာတာဝန်ထမ်းဆောင်နေကြတဲ့ စစ်သားတွေရဲ့ တိုင်းပြည်အပေါ်သစ္စာရှိမှုကို အတုယူကြမယ်၊ ပြီးရင် မျိုးချစ်ဆန်အလှူနဲ့ ကျွန်တော်တို့ရည်မှန်းချက်ကို ဖြည့်ဆည်းပြီး နိုင်ငံ့တာဝန်ကို ထမ်းဆောင်ဖြည့်ဆည်းကြမယ်” ဟု ပြောကာ ဗဟိုအစိုးရသည် လုပ်ပိုင်ခွင့်နှင့် ညွန်ကြားချက်ကို ဆွေးနွေးရန် တရားဝင်ထုတ်ပြန်ချက်များထုတ်ပြန်ခဲ့သည် ဟု အမည်မဖော်လိုသော ဟန်ယွမ်းမြောက်ပိုင်း အရှေ့မြောက်ဒေသမှ ဒေသခံတစ်ဦးမှ ဆိုသည်။

ညွန်ကြားချက်မှာ သတ်မှတ်ပမာဏထ ၁ ကီလိုဂရမ် ကောက်ခံရန် ပါရှိကြောင်း ဆိုသည်။ လယ်သမားအများစုမှာ “ကျွန်တော်တို့ ဆန်ထည့်ထားတဲ့ ပုံးတွေမှာ ဆန်မရှိတော့ဘူး၊ ဘယ်လိုလုပ်ပြီး တတိုင်းပြည်လုံးအတွက် တာဝန်ယူနိုင်မှာလဲ” ဟု ပြောကြကြောင်း နောက် သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

“သူတို့ စစ်တပ်ကို သူတို့ ကောင်းကောင်းမကျွေးနိုင်လောက်အောင် အစားအသောက်တွေ ပြတ်လပ်နေချိန်မှာမှ ဒုံးကျည်တွေ အမြောက်အများပစ်နေတဲ့အတွက် အစိုးရကို ပြည်သူတွေ အရမ်းစောဒကတက်နေကြတာ” ဟု ပြောကြားသည်။

“အဖေဖြစ်သူ၏ ရာထူးကို ၁၁နှစ်အကြာတွင် ဆက်ခံခဲ့ပြီးနောက် သူတာဝန်ယူသည့် သက်တမ်းအတွင်း အကြိမ်အကြိမ်အခါခါ ပြည်သူများ ဝဝလင်လင်စားသောက်နိုင်မည်ဟု ကတိပေးထားသည့် ခေါင်းဆောင် ကင်ဂျုံအန်းကိုလည်း ပြည်သူများ တိတ်တခိုး အပြစ်မြင်နေကြသည်” ဆိုသည်။

“ဆိုးရွားသည့် အသုံးဖြင့် ကင်ဂျုံအန်းကို ရည်ညွန်းကာ “သူတို့ရဲ့ အပူဇော်ခံပုဂ္ဂိုလ်ကြီးပေးတဲ့ ကတိကဝတ်ဆိုတာလည်း ဘာမှသုံးစားမရဘူး၊ အာဏာပိုင်တွေရဲ့ မှားယွင်းတဲ့ မူဝါဒတွေကြောင့် အစားအသောက်အကျပ်အတည်းက ပိုဆိုးသွားတာ” ဟု သတင်းရင်းမြစ်နောက်တစ်ဦးက ပြောကြားခဲ့သည်။

RFA – Korean သတင်းထောက် Jieun Kim ရေးသားသော Amid food shortage, North Koreans forced to donate “patriotic rice” သတင်းကို ကျော်ဇံ ဘာသာပြန်ဆိုသည်။

အစားအသောက်ပြတ်လပ်နေသည့်ကြားမှ “မျိုးချစ်ဆန်အလှူ” လှူဒါန်းကြရန် မြောက်ကိုးရီးယားနိုင်ငံသားများ ဖိအားပေးခံနေရ

ထင်မြင်ယူဆချက်‌‌ပေးရန်