သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်းလူထုစုဝေးပွဲတွင်သေနပ်ဖြင့်ပစ်ခတ်ခံရ

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်းImran khan သည်နိုဝင်ဘာလ၃ရက် ကြာသပတေးနေ့တွင်ပြုလုပ်သည့်လူထု စုဝေးပွဲ၌သူ၏လက်ထောက်များဟုယူဆရသော အမည်မသိအမျိုးသားတစ်ဦးမှ ၎င်း၏ယာဉ်တန်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သောကြောင့်ဒဏ်ရာရရှိခဲ့သည်။

မစ္စတာခန်းသည်ပါကစ္စတန်နိုင်ငံအရှေ့ပိုင်းရှိ Wazirabadတွင် မြို့တော်အစ္စလာမာဘတ်သို့ ချီတက်ဆန္ဒပြခဲ့ပြီး ၎င်း၏ယာဉ်တန်းကိုတိုက်ခိုက်ခံရချိန်တွင် အစိုးရရွေးကောက်ပွဲများစောစီးစွာကျင်းပပေးရန်တောင်းဆိုခဲ့သည်

မစ္စတာခန်း၏ ခြေထောက်တွင်သေနပ်ထိမှန်ခဲ့ပြီး လာဟိုးမြို့သို့ဆေးကုသမှုခံယူရန်ပို့ဆောင်ထားကြောင်းမစ္စတာခန်း၏ပါတီ Pakistan Tehreek-e-insaf၏အကြီးတန်းအဖွဲ့ဝင်တစ်ဦးဖြစ်သူ Fawad chaudhry ၏ပြောကြားချက်အရသိရသည်။

မစ္စတာချောင်ဒရီက ဒီအဖြစ်အပျက်ကို “တစ်ရာခိုင်နူန်းလုပ်ကြံသတ်ဖြတ်ကြိုးပမ်းမှု” ဖြစ်သည် ဟုဆိုခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ