သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်တွင် အကြမ်းဖက်စစ်ကောင်စီမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး၊ လက်နက်ငယ်များ အဆက်မပြတ်ပစ်ခတ်နေ

ရခိုင်ပြည် ကျောက်တော်မြို့ နယ်တွင် ယနေ့ မနက် ၉ နာရီ ကျော်အချိန်မှစ၍ စစ်ကောင်စီတပ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အဆက်မပြတ် ပစ်ခတ်နေကြောင်းသိရသည်။

ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့ ၉ နာရီလောက်မှစ၍ ကျောက်တော်မြိုနယ် နဂရုရွာနှင့် ရုပ်သားရွာ ကြား ဂလူးကောင်း တောင်ထက်မှ တပ်စွဲထားသော စစ်ကောင်စီတပ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် သတင်းရေးနေ့သည့် ၁၁ နာီရီခှဲလောကျထိ ပစ်ခတ်မှုများအဆက်မပြတ်ပြုလုပ်နေကြောင်သိရသည်။

” ဒီနေ့ ၉ နာရီ ကျော်လောက်နေကစပစ်တာပါ။ပထမတော့ တပ်မကနေ ပစ်နေတာထင်တာ။ ဒါပေမယ့် လမ်းသွားလမ်းလာတဲ့သူတွေမေးကြည့်တော့ တပ်မကပစ်တာမဟုတ်ဘူးပြောတယ် ရုပ်သားရွာနှင့် နဂရာရွာကြား ဂလူးကောင်းတောင် ထက်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ စခန်းကနေ လှမ်းပစ်နေတာပါ ဘယ်ကိုပစ်လည်းဆိုတာတော့မသိပါဘူး ” ဟု ဒေသခံတစ်ဦးမှပြောသည်။

လက်နက်ကြီးများ ပစ်ခတ်မှု ကြောင့် ထိခိုက်ပျက်စီးမှု အခြေ အနေများကို Arakan Bay News သတင်းဌာနမှ စုံစမ်းနေဆဲ ဖြစ်သည်။

ကျောက်တော်မြိုနယ်တွင် နိုဝင်ဘာလ ၄ ရက်နေ့ကလည်း စကစနေဗီမှ ပစ်လိုက်သည့် လက်နက်ကြီးကျည်ထိမှန်၍ ရွာသား ၁၉ ဦး ဒဏ်ရာရခဲ့ပြီး ၃ ဦးသေဆုံးခဲ့ရကြောင်းသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ