သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပလက်ဝမြို့တွင်းလမ်းများ သန့်ရှင်းရေးနှင့် ထုံးကြမ်းဖြူးခြင်းလုပ်ငန်း ဆောင်ရွက်

AB News – ဩဂုတ် ၁၊ ၂၀၂၆

မိုးရာသီကာလအတွင်း လမ်းများပေါ်တွင် ရေညှိများတက်၍ လမ်းချော်မှုများ ဖြစ်ပွားနေသဖြင့် ပြည်သူများ သွားလာရေး လုံခြုံစေရန် ရည်ရွယ်ကာ ပလက်ဝမြို့တွင်း လမ်းများ၌ သန့်ရှင်းရေးနှင့် ထုံးကြမ်းဖြူးခြင်းလုပ်ငန်းများကို ဩဂုတ် ၁ ရက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများကို ပါတီလူငယ်အင်အားစုနှင့် အမျိုးသမီးအင်အားစုတို့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ ပလက်ဝမြို့ရှိ လမ်းမများနှင့် လမ်းကြားများတွင် အမှိုက်သန့်ရှင်းရေး၊ ရေညှိများ ဖယ်ရှားရှင်းလင်းခြင်းနှင့် ထုံးကြမ်းဖြူးခြင်းလုပ်ငန်းများကို တစ်ပြိုင်နက်တည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပလက်ဝမြို့ရှိ ကွန်ကရစ်လမ်းများသည် မိုးရွာသွန်းမှုများပြားသည့် ရာသီအတွင်း ရေညှိတက်လေ့ရှိပြီး လမ်းချော်မှုများကြောင့် လူနှင့်ယာဉ်များ သွားလာရာတွင် အခက်အခဲများ ကြုံတွေ့နေရကြောင်း ဒေသခံများက ပြောသည်။

ယခုကဲ့သို့ လမ်းများကို သန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် ထုံးကြမ်းဖြူးခြင်းတို့ကြောင့် လမ်းမျက်နှာပြင် ပိုမိုသန့်ရှင်းလာကာ လမ်းချော်မှုအန္တရာယ် လျော့နည်းစေပြီး ပြည်သူများ၏ သွားလာရေး လုံခြုံမှုနှင့် အဆင်ပြေမှုကို အထောက်အကူပြုနိုင်မည်ဟု သိရသည်။

Photo – Youth Wing ( PLW )

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ