သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အစိုးရသစ်ဖွဲ့စည်းမှုတွင် ကြံ့ခိုင်ရေး ပါတီဝင်များ ချန်လှပ်ခံရမှုကြောင့် ပါတီအတွင်း အမြင်မကြည်လင်မှုများ မြင့်တက်

AB News – မတ် ၂၉၊ ၂၀၂၆

မင်းအောင်လှိုင် ဦးဆောင်မည့် အစိုးရအဖွဲ့သစ်၏ ဒုတိယသမ္မတနှင့် ဝန်ကြီးရာထူးများတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ အမာခံအဖွဲ့ဝင်များ ပါဝင်ခွင့်ရရှိရန် အလားအလာ နည်းပါးနေခြင်းကြောင့် ပါတီအတွင်း မကျေနပ်မှုများ ပြင်းထန်နေကြောင်း ပါတီတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

​အစိုးရအဖွဲ့သစ်တွင် လက်ရှိစစ်ကောင်စီနှင့် ကော်မရှင်အသီးသီး၌ တာဝန်ထမ်းဆောင်နေသည့် ဗိုလ်ချုပ်ဟောင်းများကိုသာ အဓိကထား ခန့်အပ်ရန် စီစဉ်နေခြင်းကြောင့် ပါတီတွင်းရှိ အရပ်သားအဖွဲ့ဝင်များ၊ ဗဟိုအလုပ်အမှုဆောင်များနှင့် ဗဟိုကော်မတီဝင်များမှာ ရာထူးနေရာများအတွက် ချန်လှပ်ခံထားရသည်ဟု သိရသည်။

​”ပါတီမှာ နှစ်ရှည်လများ တာဝန်ထမ်းဆောင်ခဲ့တဲ့ အရပ်သားခေါင်းဆောင်တွေကို နေရာမပေးပဲ စစ်ဘက်နောက်ခံရှိသူတွေကိုပဲ ဦးစားပေးနေတဲ့အပေါ် ပါတီအတွင်း အမြင်ကွဲပြားမှုတွေ ရှိနေတယ်” ဟု သတင်းရင်းမြစ်တစ်ခုက ဆိုသည်။

ထို့ပြင် လွှတ်တော်ဆိုင်ရာ အဆင့်မြင့်ရာထူးနေရာများတွင်လည်း လူဟောင်းများကိုသာ ပြန်လည်ခန့်အပ်ရန် လျာထားခြင်းက ပါတီဝင်များအကြား ဝေဖန်မှုများကို ပိုမိုမြင့်တက်စေခဲ့သည်။

​အစိုးရအဖွဲ့သစ်၏ ထက်ဝက်ခန့်မှာ လူဟောင်းများ ဖြစ်နိုင်ပြီး မင်းအောင်လှိုင်နှင့် နီးစပ်သည့် ဝန်ကြီးများနှင့် ဗိုလ်ချုပ်ဟောင်းများကိုသာ အဓိကထား ဖွဲ့စည်းသွားဖွယ်ရှိကြောင်း ခန့်မှန်းရသည်။

​တစ်ချိန်တည်းမှာပင် အစိုးရအဖွဲ့ကို “အားလုံးပါဝင်သော အမျိုးသားညီညွတ်ရေးပုံစံ” ဖော်ဆောင်ရန်အတွက် ကြံ့ခိုင်ရေးပါတီမဟုတ်သည့် အခြားနိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားပါတီခေါင်းဆောင်အချို့ကို ထည့်သွင်းရန် စီစဉ်နေခြင်းကြောင့် ပါတီ၏ အမာခံခေါင်းဆောင်များမှာ ပိုမိုဘေးရောက်သွားရသည်ဟု ပါတီတွင်း ဝေဖန်မှုများ ထွက်ပေါ်နေသည်။

AB_News #USDP #MyanmarPolitics #MinAungHlaing #NewGovernment #InternalRift #PowerSharing #PoliticalCrisis #MilitaryRule #Sidelined #PartyInsider

ထင်မြင်ယူဆချက်‌‌ပေးရန်