သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အီရန်ခေါင်းဆောင် လုပ်ကြံခံရမှုအပေါ် ဘင်္ဂလားဒေ့ရှ်အစိုးရ ဝမ်းနည်းကြောင်း ထုတ်ပြန်

AB News – မတ် ၂၊ ၂၀၂၆

အီရန်နိုင်ငံ၏ အဓိကခေါင်းဆောင် အယာတိုလာ အလီခါမေနီ (Ayatollah Ali Khamenei) လုပ်ကြံသတ်ဖြတ်ခံရမှုအပေါ် အလွန်ဝမ်းနည်းကြေကွဲရကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရက ယနေ့တွင် တရားဝင် ထုတ်ပြန်ပြောကြားလိုက်သည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ယခုဖြစ်ရပ်သည် အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့် စံနှုန်းများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ရာရောက်ကြောင်း ဖော်ပြထားပြီး၊ အီရန်ပြည်သူများနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြောင်း ဖော်ပြထားသည်။

“ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ ပဋိပက္ခတွေဟာ ဘယ်ပြဿနာအတွက်မှ အဖြေမဟုတ်ဘူးလို့ ယုံကြည်ပါတယ်။ အငြင်းပွားမှုတွေကို တွေ့ဆုံဆွေးနွေးတာ၊ အပြန်အလှန်လေးစားတာနဲ့ အပြည်ပြည်ဆိုင်ရာဥပဒေတွေကို လိုက်နာတာတွေကတစ်ဆင့်သာ ဖြေရှင်းသင့်ပါတယ်” ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အသက် ၈၆ နှစ်အရွယ်ရှိ အီရန်အဓိပတိ အလီခါမေနီသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က တီဟီရန်မြို့ရှိ ၎င်း၏နေအိမ်ဝင်းအတွင်း အမေရိကန်နှင့် အစ္စရေးတို့၏ ပူးတွဲလေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း ၎င်း၏ မိသားစုဝင်အချို့လည်း သေဆုံးခဲ့ကြောင်း အီရန်နိုင်ငံပိုင်မီဒီယာများက မတ်လ ၁ ရက်နေ့ နံနက်ပိုင်းတွင် အတည်ပြု ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် အီရန်အစိုးရက နိုင်ငံအတွင်း ဝမ်းနည်းခြင်းအထိမ်းအမှတ် ၄၀ ရက် သတ်မှတ်ထားပြီး၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကမူ ယခုစစ်ဆင်ရေးသည် ဒေသတွင်းငြိမ်းချမ်းရေးအတွက် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြောကြားထားသည်။

AB_News #InternationalNews #Iran #AliKhamenei #Bangladesh #MiddleEastCrisis #Trump #Diplomacy

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ