သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပလက်ဝမြို့နယ်တွင် လူနေအိမ် ၂ ဆောင် မီးလောင်ပြာကျ

AB News – ဖေဖော်ဝါရီ ၁၁၊ ၂၀၂၆

ပလက်ဝမြို့နယ်၊ မြိတ်ဝကျေးရွာတွင် ဖေဖော်ဝါရီ ၉ ရက်နေ့၊နေ့လယ်ပိုင်းအချိန်က လူနေအိမ် ၂ ဆောင် မီးလောင်ပြာကျပြီး ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

မီးလောင်ပျက်စီးသွားသည့် အိမ် ၂ ဆောင်မှာ မြိတ်ဝကျေးရွာမှ ဦးရွှေကျော်စိန် ၇၄နှစ်နှင့် ဦးမောင်စောသိန်း ၄၇နှစ်တို့၏ နေအိမ်များဖြစ်ကြောင်း သိရသည်။

ဦးရွှေကျော်စိန်သည် နံနက်ပိုင်းတွင် မီးလှုံပြီး မီးဖိုကို ပြာဖုံးထားခဲ့ရာမှ နေ့လယ် ၁ နာရီခန့်တွင် ဦးရွှေကျော်စိန်၏ နေအိမ် မီးစတင်၍ လောင်ခဲ့ပြီး ယင်းမှတဆင့် ဦးမောင်စောသိန်း၏ နေအိမ်ကိုပါ မီးကူးစက် လောင်ကျွမ်းသွားကြောင်း ဒေသခံတဦး၏ ပြောကြားချက်အရ သိရသည်။

နေအိမ် ၂ ဆောင်လုံး မီးလောင်ပြာကျသွားခဲ့သည့်အပြင် နေအိမ်အတွင်းရှိ ပရိဘောဂအသုံးအဆောင်ပစ္စည်းများ မီးလောင်ပျက်စီးခဲ့ပြီး အနီးအနားရှိ ရွာသူ/ ရွာသားများမှ ဝိုင်းဝန်းကူညီကာ မီးငြိမ်းသတ်မှုကြောင့် နေ့လယ် ၂ နာရီ ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရှိရသည်။

ယခုကဲ့သို့ ပွင့်လင်းရာသီ ရောက်ရှိလာ၍ အာရက္ခပြည်သူများအနေဖြင့် မီးဘေး အန္တရာယ်ကို မပေါ့ဆကြရန်နှင့် မီးဘေးအန္တရာယ်နှင့် ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ထားရမည့် အချက်များပါသော ဆိုင်းဘုတ်များ၊ ပိုစတာများကို ရပ်ရွာများ၌ စိုက်ထောင်ထားကာ သတိပေးနိူးဆော်ထားပြီး မီးဘေးအန္တရာယ် ပညာပေးဟောပြောမှုများကိုလည်း အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရ၏ မီးသတ်ဌာနမှ ဆက်တိုက်လုပ်ဆောင်လျက် ရှိကြောင်းလည်း သိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ