သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အိုစမန်ဟာဒီ သတ်ဖြတ်ခံရမှုအပေါ် ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က အင်အားသုံး ဖြိုခွဲရာ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးအပါအဝင် ၅၀ ခန့် ဒဏ်ရာရ

AB News – ဖေဖော်ဝါရီ ၈၊ ၂၀၂၆

ဘင်္ဂလားဒေ့ချ်နိုင်ငံ၌ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လူငယ်လွှတ်တော် ကိုယ်စားလှယ်လောင်း အိုစမန်ဟာဒီ သတ်ဖြတ်ခံရမှုအပေါ် တရားမျှတမှုရရှိစေရေး ဆန္ဒပြသူများအား ရဲတပ်ဖွဲ့မှ အင်အားသုံးဖြိုခွဲရာ လွတ်တော်ကိုယ်စားလှယ်လောင်း ၁ ဦးအပါအဝင် ဆန္ဒပြသူ ၅၀ ခန့် ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း သတင်းဌာနများတွင် ဖော်ပြထားသည်ကို တွေ့ရှိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ဒါကာမြို့၊ ချာဘတ်ရပ်ကွက်၌ ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့တို့ ၂ ကြိမ်တိုင် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့မှ မျက်ရည်ယို ဗုံးများ ပစ်ဖောက်ခြင်း၊ လက်ပစ်ဗုံးများ ဖောက်ခွဲခြင်းအပြင် တုတ်များဖြင့် ပြင်းထန်စွာ ရိုက်နှက်မှုဖြစ်ပွားခဲ့သည်။

ဒဏ်ရာရရှိသူများအား ဒါကာဆေးဖက်ဆိုင်ရာ ကောလိပ်၌ ဆေးကုသပေးထားကြောင်း သိရှိရပြီး အဆိုပါ ရုန်းရင်းဆန်ခတ်မှုအတွင်း Dhaka မြို့၊ အမှတ် ၁၈ မဲဆန္ဒနယ်မှ ဝင်ရောက်ယှဥ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း မိုဟုဒင်ရိုနိ အပါအဝင် ဆန္ဒပြသူ ၅၀ ဦးခန့် ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်တွင် ထင်ရှားသည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လူငယ်လွှတ်တော် ကိုယ်စားလှယ်လောင်း အိုစမန်ဟာဒီ လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီး အစိုးရမှ အမှုမှန်ကို ဖော်ထုတ်နိုင်ခြင်းမရှိသည့်အပြင် လုပ်ကြံခံရမှုအတွက် တရားမျှတမှုဖော်ဆောင်ပေးရန်နှင့် ကုလသမဂ္ဂ ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပေးရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ နိုင်ငံရေး အသိုင်းအဝိုင်းမှ ကြားဖြတ်အစိုးရအား တောင်းဆိုနေကြခြင်း ဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်