သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
Nipah virus ကူးစက်မှုကို ကြိုတင်ကာကွယ်ရန် Covid ကာလကဲ့သို့ ကာကွယ်ရေးအစီအစဥ်များကို လုပ်ဆောင်နေကြောင်း ထိုင်းဝန်ကြီးချုပ် ပြော

AB News – ဇန်နဝါရီ ၂၆၊ ၂၀၂၅
ဂျူလိုင်

အိန္ဒိယနိုင်ငံ၊ အနောက်ဘန်ဂေါပြည်နယ်(West Bengal)တွင် ကူးစက်ဖြစ်ပွားနေသည့် ကာကွယ်ကုသဆေးသီးသန့်မရှိသေးသော Nipah virus ကူးစက်မှုကို ကြိုတင်ကာကွယ်ရန် Covid ကာလကဲ့သို့ ကာကွယ်ရေးအစီအစဥ်များကို ပြန်လည်အသက်သွင်းဆောင်ရွက်နေကြောင်း ထိုင်းဝန်ကြီးချုပ်က ယမန်နေ့တွင် ပြောကြားခဲ့သည်။

လက်ရှိအချိန်ထိ ထိုင်းနိုင်ငံတွင် Nipah virus ကူးစက်ခံရမှု မရှိသေးသော်လည်း covid ကာလက အသုံးပြုခဲ့သည့် လူထုကျန်းမာရေးစနစ်များကို လက်ရှိအခြေအနေအပေါ် မှုတည်ပြီး ပြန်လည်ညှိနှိုင်းပြင်ဆင်နေကြောင်း ၎င်းက ဆိုသည်။

အိန္ဒိယနိုင်ငံတွင် Nipah virus ကူးစက်မှုကို အတည်ပြုပြီးနောက် ထိုင်းနိုင်ငံရှိ သုဝဏ္ဏဘူမိ၊ ဒွန်မောင်းနှင့် ဖူးခက် စသည့်လေဆိပ်များတွင် ရောဂါထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်မြှင့်တင်ဆောင်ရွက်နေကြောင်း Bangkok Post တွင် ရေးသားဖော်ပြထားသည်ကို တွေ့ရှိရသည်။

အထူးသဖြင့် အိန္ဒိယနိုင်ငံ၊ အနောက်ဘန်ဂေါပြည်နယ်ပြည်နယ်မှ ဝင်ရောက်လာရောက်သူများကို အဓိကထားပြီး ကျန်းမာရေးစစ်ဆေးမှုများကို တိုးမြှင့်လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။

Nipah virus ကူးစက်ခံရပါက ဖျားနာခြင်း၊ ပြင်းထန်စွာခေါင်းကိုက်ခြင်း၊ ကြွက်သားများ နာကျင်ခြင်း၊ လည်ချောင်းများ နာကျင်ခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုရခက်ခဲခြင်း၊ အိပ်ငိုက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်းနှင့် တက်ခြင်းစသည့် ရောဂါလက္ခဏာများကို ခံစားရကြောင်း သိရသည်။

အဆိုပါ ရောဂါလက္ခဏာများခံစားရပါက ရောဂါထိန်းချုပ်ဌာနသို့ အရေးပေါ်ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များ၊ လက်ကမ်းစာစောင်များနှင့် ကျန်းမာရေးကတ်များတွင် ပါဝင်သည့် QR code ကို စကန်ဖတ်ပြီး သတင်းပေးပို့နိုင်ကာ အရေးပေါ်ဖုန်းလိုင်းကို နေ့စဥ် နံနက် ၈ နာရီမှ ည ၈ နာရီအတွင်း ဆက်သွယ်နိုင်ကြောင်းကို ထိုင်းအာဏာပိုင်များက အသိပေးထုတ်ပြန်ထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ