သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အမေရိကန်နိုင်ငံအတွင်း ရွှေ့ပြောင်းဝင်ရောက်ခွင့် ဗီဇာများကို ၇၅ နိုင်ငံအထိ ဒေါ်နယ်လ်ထရမ့် တိုးမြင့်ဆိုင်းငံ့

AB News – ဇန်နဝါရီ ၁၅၊ ၂၀၂၆

အမေရိကန်နိုင်ငံသို့ ရွှေ့ပြောင်းဝင်ရောက်ခွင့်ဗီဇာများကို နိုင်ငံပေါင်း ၇၅ နိုင်ငံအထိ တိုးမြင့် ဆိုင်းငံခဲ့ကြောင်း သိရသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဇန်နဝါရီလ ၁၄ ရက်နေ့ ရက်စွဲ့ဖြင့်ထုတ်ပြန်သော ကြေညာချက်တွင် အများပြည်သူများ အထောက်အပံ့ကို အားကိုးရနိုင်ခြေမြင့်မားသည်ဟု သတ်မှတ်ထားသော နိုင်ငံများမှ လာရောက်မည့်သူများကို ပိုမိုတိကျစွာ စစ်ဆေးနိုင်ရန်အတွက် ဆိုင်းငံ့ထားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ၇၅ နိုင်ငံ၏ ရွှေ့ပြောင်းဗီဇာများကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၁ ရက်နေ့မှ စတင်ပြီး အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ယာယီရပ်ဆိုင်းသွားမည်ဖြစ်ကြောင်းသိရသည်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဆုံးဖြတ်ချက်အရ အဆိုပါ ၇၅ နိုင်ငံမှ နိုင်ငံသားများသည် အမေရိကန်နိုင်ငံအတွင်းသို့ တရားဝင် လမ်းကြောင်းများမှ ဝင်ရောက်မှုကို ပြင်းပြင်းထန်ထန်ပိတ်ပင်ခံရမည်ဖြစ်ပြီး တဖက်တွင်လည်း ထရမ့်သည် နိုင်ငံအတွင်း တရားမဝင် လမ်းကြောင်းများမှ ဝင်ရောက်မှုများကို ကန့်သတ်ပိတ်ပင်ရန် ဘက်ပေါင်းစုံမှ ပြင်းထန်စွာ လုပ်ဆောင်နေကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် အာဖဂန်နစ္စတန်နိုင်ငံမှ ရွှေ့ပြောင်းအခြေချသူတစ်ဦးသည် အိမ်ဖြူတော်အနီးတွင် အမေရိကန်တပ်ဖွဲ့ဝင်နှစ်ဦးကို ပစ်ခတ်ခဲ့ပြီး တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

၎င်းဖြစ်စဥ်အပြီးတွင် ထရမ့်သည် အာဖဂန်အပါအဝင် နိုင်ငံပေါင်း ၁၉ နိုင်ငံမှ နိုင်ငံသားများကို အမေရိကန်နိုင်ငံသို့ ဝင်ရောက်ခွင့်ကို ပြင်းပြင်းထန်ထန်ပိတ်ပင်ခဲ့ပြီး ယင်းထဲတွင် မြန်မာနိုင်ငံလည်း အပါအဝင် ဖြစ်ခဲ့သည်။

ထို့ပြင် အဆိုပါ ၁၉ နိုင်ငံမှ နိုင်ငံသားများ၏ နိုင်ငံရေးခိုလှုံခွင့်၊ အမေရိကန်နိုင်ငံသားအဖြစ် ပြောင်းလဲလျှောက်ထားခွင့်နှင့် အမြဲတမ်းနေထိုင်ခွင့် (Green card) လျှောက်ထားခွင့်ကိုပါ ယခုထိ ဆိုင်းငံ့ထားဆဲဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်