သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကော်မရှင်တပ်မှ စစ်သုံ့ပန်း ၁၈,၀၀၀ ကျော်ရှိလာ

AB News – သြဂုတ် ၂၀၊ ၂၀၂၅
မျိုးဟိန်း

၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လ ဒုတိယပတ်အထိ ၁ လခွဲအတွင်း စစ်ကော်မရှင်တပ်မှ လက်နက်ချ အလင်းဝင်လာသူနှင့် တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်း စုစုပေါင်း ၁၈,၀၀၀ ကျော် ရှိလာကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့က ထုတ်ပြန်သည်။

ထို့အပြင် ဩဂုတ်လ ဒုတိယပတ်အတွင်း လက်နက်ချ အလင်းဝင်လာသူနှင့် စစ်သုံ့ပန်း ၁၉ ဦး ထပ်မံရှိလာပြီး ယင်းတို့တွင် စစ်သား၊ ရဲနှင့် ပြည်သူ့စစ်များ ပါဝင်ကြောင်း သိရသည်။

အဆိုပါ ၁၉ ဦးအနက် လက်နက်ချ အလင်းဝင်လာသူ ၁၄ ဦးရှိပြီး စစ်သား ၁၃ ဦး၊ ပြည်သူ့စစ် ၁ ဦးတို့ ဖြစ်သည်။

၎င်းစစ်သားများအနက် ၁၀ ဦးမှာ စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်များ ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

ကျန် ၅ ဦးမှာ တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများဖြစ်ပြီး စစ်သား ၄ ဦးနှင့် ပြည်သူ့စစ် ၁ ဦးတို့ ဖြစ်ကြောင်း ဆိုသည်။

ပြည်သူ့ပန်းတိုင်အဖွဲ့က စစ်ကော်မရှင်.သည် ၎င်းတို့၏ စစ်မှုထမ်းဥပဒေဖြင့် လူငယ်များကို အတင်းအကျပ် စစ်သားစုဆောင်းနေချိန်တွင် ဘောင်မဝင်သည့် ရွေးကောက်ပွဲကိုလည်း ပြုလုပ်ရန် ကြိုးပမ်းနေကြောင်း ပြောသည်။

ထို့ကြောင့် လူငယ်များအနေဖြင့် သတိထားစောင့်ကြည့်ပြီး မိမိတို့ အသက်ရှင်သန်ရေးအတွက် ပြည်သူဘက်သို့ ဘက်ပြောင်းခိုလှုံကြရန်လည်း ပြည်သူ့ပန်းတိုင်အဖွဲ့က တိုက်တွန်းပြောကြားထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်