သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အာရက္ခ​ပြည်သူ့ကျန်းမာ​ရေးဌာနမှ သားဖွားအတတ်ပညာ သင်တန်းသားများ ခေါ်ယူနေ
အာရက္ခ​ပြည်သူ့ကျန်းမာ​ရေးဌာနမှ သားဖွားအတတ်ပညာ သင်တန်းသားများ ခေါ်ယူနေ

AB News – သြဂုတ် ၁၉ ၊၂၀၂၅

မျိုးဟိန်း

အာရက္ခ​ပြည်သူ့တော်လှန်ရေးအစိုးရ၊ အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ သားဖွားအတတ်ပညာ သင်တန်းသားများ ခေါ်ယူနေကြောင်း ထုတ်ပြန်လိုက်သည်

။အာရက္ခပြည်သူ့ကျန်းမာရေးဌာနသည် ၎င်းတို့၏ ကျေးလက်ကျန်းမာရေးဌာနများနှင့် ဌာနခွဲများရှိ လစ်လပ်နေသော သားဖွားဆရာမ (Midwife) များကိုခန့်အပ်ပြီး အာရက္ခပြည်သူများ၏ ကျန်းမာရေးကိစ္စများကို ဖြေရှင်းပေးနိုင်ရန် ရည်ရွယ်၍ (၁၈) လကြာ သားဖွားအတတ်ပညာ သင်တန်းကို ဖွင့်လှစ်ခေါ်ယူနေခြင်းဖြစ်ကြောင်း ဆိုသည်။

သင်တန်းပြီးဆုံးပါက အာရက္ခပြည်သူ့ကျန်းမာရေးဌာနတွင် သားဖွားဆရာမအဖြစ် အနည်းဆုံး ၅ နှစ် တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး၊ မည်သည့်နေရာတွင်မဆို တာဝန်ထမ်းဆောင်ရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းသင်တန်းအတွက် လျှောက်ထားလိုသူများသည် အာရက္ခပြည်သူ့ကျန်းမာရေးဌာနက သတ်မှတ်ထားသည့် လုပ်ငန်းတာဝန်များနှင့် ပညာအရည်အချင်းများ ပြည့်မီရမည်ဖြစ်ပြီး၊ လူမျိုး၊ ဘာသာမရွေး လျှောက်ထားနိုင်သည်ဟုလည်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ