သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တော်လှန်ရေးရဲဘော်များအတွက် သူပုန်ဖြူ Team က စာအုပ်ရောင်းရငွေ ထောက်ပံ့မည်

AB News -သြဂုတ် ၁၄၊ ၂၀၂၅
ဒေဝီ

စစ်အာဏာရှင်စနစ်ကို တော်လှန်တိုက်ခိုက်ရင်း ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရသည့် ရဲဘော်များအား သူပုန်ဖြူ Team က စာအုပ်ရောင်းရငွေများနှင့် အလှူငွေများအားဖြင့် အချိုးကျ ထောက်ပံ့ပေးသွားမည်ဟု ဩဂုတ်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

အဆိုပါအစီအစဉ်အတွက် “သူပုန်ဖြူ ကဗျာများစုစည်းမှု” စာအုပ်ကို ရောင်းချခြင်းနှင့် လေလံပွဲများပြုလုပ်ခြင်းမှ ရရှိသော အမြတ်ငွေ၏ ၃၅ ရာခိုင်နှုန်းနှင့် အလှူရှင်များ ထည့်ဝင်သည့် ငွေကြေးအားလုံးကို စုပေါင်းထောက်ပံ့မည်ဖြစ်ကြောင်း ဆိုသည်။

၎င်းငွေကြေးများကို ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၄ ရက်နေ့အထိ တိုက်ပွဲများအတွင်း ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရသည့် တော်လှန်ရေးရဲဘော်များထံသို့ အချိုးကျ ခွဲဝေပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်