သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
“သူပုန်ဖြူ”စာအုပ် လေလံတင်​အမြင့်ဆုံးစျေး ဒေါ်လာ ၄ သောင်းဖြင့် ရောင်းချ



‎AB News – သြဂုတ် ၅၊ ၂၀၂၅
‎မျိုးဟိန်း

‎အာရက္ခတပ်တော်၏ ဒုတိယစစ်ဦးချုပ်လည်းဖြစ်၊ ကဗျာဆရာတစ်ဦးလည်း ဖြစ်သည့် ဒေါက်တာညိုထွန်းအောင်၏ “သူပုန်ဖြူ” ကဗျာစာအုပ်ကို ယမန်နေ့ လေလံတင်အမြင့်ဆုံးစျေး အမေရိကန်ဒေါ်လာ ၄ သောင်းဖြင့် ရောင်းချနိုင်ခဲ့ကြောင်း ဒေါက်တာညိုထွန်းအောင် မှ ပြောသည်။

‎ယမန်နေ့ နေ့လည် ၂ နာရီကျော်အချိန်တွင် ဒေါက်တာညိုထွန်းအောင်မှ ၎င်း၏ “သူပုန်ဖြူ” စာအုပ်ကို သူကိုယ်တိုင် ဖေ့စ်ဘုတ်ခ် လူမှုကွန်ရက် စာမျက်နှာမှ live လွှင့်ရောင်းချခဲ့သည်။

‎ထိုအပြင် ၀၁၁၀၉ စာအုပ်ကို ကဗျာချစ်သူတစ်ဦးမှ အမေရိကန်ဒေါ်လာ ၄ သောင်းအထိ စျေးအမြင့်ဆုံး ပေးကာ ဝယ်ယူအားပေးခဲ့ကြောင်း သိရသည်။

‎ဒေါက်တာညိုက ” ကျနော်တို့ ဒီနေ့ အ​​​မြင့်ဆုံးစျေးဒေါ်လာ ၄ သောင်းနဲ့ လေလံတင်တာကို အဆုံးသတ်လိုက်ပါပြီ။ လေလံပွဲကို ဦးဆောင်သွားသူကတော့ ကျနော်တို့ရဲ့စာအုပ်ပိုင်ရှင် ၀၁၁၀၉ စာအုပ်ကို လေလံအောင်သွားပါပြီ” ဆိုသည်။

‎အမြင့်ဆုံးစျေးပေးဝယ်သော ၀၁၁၀၉ စာအုပ်ပိုင်ရှင်သည် စာအုပ်နှင့်အတူ အခြားသောအခွင့်အရေး ၁၀ ခုထက်မနည်း ရရှိမည်ဟု သိရသည်။

‎ထို့အပြင် ဒေါက်တာညို၏ ပတ္တမြားကျောက်စီပုံတူပန်းချီကားကားတစ်ချပ်ကို လက်ဆောင်ရမှာဖြစ်ပြီး ရက္ခိုင်အပြည်အနှံ့ နာမည်ကြီး၊ ကျော်ကြားသည့် နေရာအချို့ကို လိုက်ပို့ပေးမည်ဟု သူက ထပ်လောင်း ပြောသည်။

‎”သူပုန်ဖြူ” ကဗျာစာအုပ်သည် စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက် တော်လှန်ရေးလောကထဲကို ရောက်လာကြသည့် တော်လှန်ရေးကဗျာဆရာ၊ ဆေးပညာအသိုင်းအဝိုင်း၊ အနုပညာရှင်များနှင့် ခံစားချက်များကို ပြောဆိုခဲ့ရာမှ ရေးဖြစ်ခဲ့သည့် ကဗျာစာအုပ်ဖြစ်ကြောင်း သိရသည်။

‎Photo – သူပုန်ဖြူ Team

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
လွတ်မြောက်နယ်မြေနှင့် စင်ပြိုင်အုပ်ချုပ်ရေး တည်ဆောက်မှု စသည့် တော်လှန်ရေးနှင့်ဆိုင်သော အကြောင်းအရာများကို ရက္ခိုင့်တပ်တော် ဒုစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင် ဟောပြောသွားမည်