သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဆုံးရှုံးမြို့နယ်များတွင် ရွေးကောက်ပွဲကျင်းပနိုင်ရေး စစ်ကောင်စီ အပြင်းအထန် ကြိုးစား‎


‎AB News – သြဂုတ် ၁၊ ၂၀၂၅
‎မျိုးဟိန်း

‎မြန်မာပြည်အနှံ့ စစ်ကောင်စီ၏ ဆုံးရှုံးထားသော နယ်မြေဒေသများတွင် ရွေးကောက်ပွဲကျင်းပနိုင်ရန် စစ်ကောင်စီအပြင်းအထန် ကြိုးစားနေကြောင်း စစ်ကောင်စီထုတ် သတင်းစာများတွင် ရေသားဖော်ပြထားသည်။

‎စစ်ကောင်စီသည် ​မြန်မာပြည်အနှံ့၎င်းတို့ ဆုံးရှုံးထားသည့် မြို့နယ် ၆၃ မြို့နယ်တွင် ရွေးကောက်ပွဲကျင်းပနိုင်ရန် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အရေးပေါ်ပြဌာန်းချက်အဖြစ် ယနေ့ သြဂုတ်လ ၁ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

‎စစ်ကောင်စီမှ “ရွေးကောက်ပွဲကို ကျင်းပရာတွင် နိုင်ငံ၏လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေအရ တစ်ကြိမ်တည်းဖြင့် ဆောင်ရွက်၍မရဘဲ အပိုင်းလိုက်ဆောင်ရွက်သွားရမည်။ လက်ရှိတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပဋိပက္ခများရှိနေသည့် မြို့နယ်များရှိသကဲ့သို့ ယခင်ကတည်းက ရွေးကောက်ပွဲမကျင်းပနိုင်သည့်  မြို့နယ်များလည်းရှိ၊ ရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲပေးစက်များသည်လည်း အချိန်တိုကာလအတွင်း ရလဒ်များအတည်ပြုနိုင်မည်ဖြစ်သည်။ ထို့အပြင် မဲမသမာမှုဆောင်ရွက်၍ မရ၊၊ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်းခဲ့မှုများ ဖြစ်ပေါ်ခဲ့မှုအပေါ် သင်ခန်းစာယူ၍ ဆောင်ရွက်ထားခြင်းဖြစ်သည်” ဟု မြန်မာ့အလင်းသတင်းစာတွင် ရေးသားထားသည်။

‎ယခု လာမည့် ၆ လတာ ကာလအတွင်း စစ်ကောင်စီသည် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ကျင်းပသွားမည် ဖြစ်ကြောင်း မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

‎ထို့အပြင် ဆုံးရှုံးမြို့နယ် များကိုလည်း စစ်ကောင်စီမှ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် အောင်မြင်မှုတစ်ချို့လည်း ရရှိနေကြောင်း သိရသည်။

‎ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း ဒေသတော်လှန်ရေးလက်နက်ကိုင်များ ထိန်းချုပ်ထားသည့် နောင်ချိုမြို့ကို တိုက်ခိုက်သိမ်းပိုက်ထားပြီး စစ်အင်အားဖြည့်ကာ သီပေါ နှင့် ကျောက်မဲ မြို့များကို လည်း ထိုးစစ်ဆင်လာမှုများရှိနေသည်။

‎ရက္ခိုင်တွင်လည်း ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်နေ့မှစ၍ အာရက္ခတပ်တော်ထိန်းချုပ်ထားသည့် ပုဏ္ဏားကျွန်းမြို့ကို ထိုးစစ်ဆင်ရန် စစ်ကောင်စီမှ စစ်တွေရှိ တပ်ရင်း ရှေ့တန်း ကာကင်းစခန်းများသို့ စစ်အင်အားဖြည့်တင်းနေပြီး နယ်စပ်တစ်လျှောက် လက်နက်ကြီးများ လှမ်းပစ်နေကြောင်း သိရသည်။

‎စစ်ကောင်စီသည် ၎င်းတို့ဆုံးရှုံးနယ်မြေများကို ပြန်လည်ထိုးစစ်ဆင်ရာတွင် လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် အသက်မပြည့်သေးသည့်ကလေးငယ်များအပါအဝင်ဒေသခံပြည်သူများ အသက်ဆုံးရှုံးရပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိနေကြောင်း သိရသည်။

‎#စစ်ကောင်စီ #ရွေးကောက်ပွဲ #ဆုံးရှုံးနယ်မြေ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ