
AB News – သြဂုတ် ၁၊၂၀၂၅
နွယ်စိုး
စစ်ရှုံး၍ လက်လွှတ်ထားရသည့် ရက္ခိုင်ပြည်အတွင်းမှ မြို့နယ်များအပါအဝင် တိုင်းနှင့် ပြည်နယ် ၉ ခုရှိ မြို့နယ် ၆၃ မြို့နယ်ကို အရေးပေါ် အခြေအနေအဖြစ် စစ်ကောင်စီက ကြေညာလိုက်ကြောင်း ဇူလိုင်လ ၃၁ ရက်နေ့က ထုတ်ပြန်သည်။
ဖွဲ့စည်းပုံအခြခံ ဥပဒေ ၂၀၀၈ ခုနှစ်၊ ပုဒ်မ (၄၁၂)က အရ အရေးပေါ်အခြေအနေ ကြေညာလိုက်ခြင်း ဖြစ်ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဆိုသည်။
လက်နက်ကိုင် အကြမ်းဖက်သောင်းကြမ်းမှုများ ချုပ်ငြိမ်းစေရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ဟုဆိုကာ အရေးပေါ်အခြေကြေညာခြင်း ဖြစ်သည်ဟု ဆိုထားသည်။
အမိန့်ထုတ်ပြန်သည့် ဇူလိုင် ၃၁ ရက်နေ့က စတင်ပြီး ရက်ပေါင်း ၉၀အထိ အတည်ဖြစ်ကြောင်း စစ်ကောင်စီ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
ရက္ခိုင်ပြည်တွင် အာရက္ခတပ်တော် (AA) က ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ဂွ၊ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲ၊ မြောက်ဦး၊ သံတွဲ၊ အမ်း၊ တောင်ကုတ်မြို့နယ်နှင့် ပလက်ဝမြို့နယ်များ ဖြစ်ကြသည်။