သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပေါက်တော သက်ငယ်မုဒိမ်းမှု ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ ပြင်းထန်စွာ ရှုတ်ချ


AB News – ဇူလိုင် ၃၁၊ ၂၀၂၅
ချန်ဒြာ

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့တွင် ပေါက်တောမြို့နယ်၊ ဟင်းခရော်ကျေးရွာတွင် ဖြစ်ပွားခဲ့သော သက်ငယ်မုဒိမ်းမှုနှင့် ပတ်သက်၍ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ ၏ အမျိုးသမီးရေးရာကော်မတီက ယနေ့တွင် ရှုတ်ချကြောင်း ထုတ်ပြန်လိုက်သည်။

ဖြစ်စဉ်တွင် ပေါက်တောမြို့နယ်၊ ဟင်းခရော်ကျေးရွာမှ အသက် ၉ နှစ်အရွယ် Grade-4 ကျောင်းသူ ဖူးသက်ငုံ (အမည်လွှဲ) သည် အဓမ္မပြုကျင့်ခံခဲ့ရကြောင်း သိရသည်။

ပြစ်မှုကျူးလွန်သူမှာ စစ်တွေမြို့မှ ဟင်းခရော်ကျေးရွာသို့ စစ်ဘေးရှောင်လာသူ အသက် ၆၉ နှစ်အရွယ် ဦးပဉ္ဇင်း စန္ဒိမာ (ခ) စိန်လှထွန်း ဖြစ်သည်။

နစ်နာသူ ကလေးငယ်သည် ကျောင်းဆင်းပြီး အိမ်သို့ပြန်ရောက်ချိန်တွင် ကျောင်းတွင် ထီးမေ့ကျန်ခဲ့သဖြင့် ထီးပြန်ယူရန် ဘုန်းကြီးကျောင်းသို့ ပြန်သွားခဲ့သည်။

ထိုအချိန်တွင် စစ်ဘေးရှောင် ဦးပဉ္ဇင်း စန္ဒိမာက အတင်းအဓမ္မ ဆွဲယူကာ အဓမ္မပြုကျင့်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ ၏ အမျိုးသမီးရေးရာကော်မတီက “မိမိထက် အသက်အရွယ်ငယ်သူများအပေါ် ပြစ်မှုကျူးလွန်ခြင်းသည် လူမှုတစ်ရပ်လုံးအပေါ် အပြစ်ကျူးလွန်ခြင်းဖြစ်ကြောင်း ဆိုသည်။

ထို့နောက် ကလေးငယ်တစ်ဦး၏ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ပျက်စီးခြင်းခံရပြီး လူမဆန်မှုနှင့် တိရစ္ဆာန်ထက် ဆိုးဝါးသည့် လုပ်ရပ်ဖြစ်သည်” ဟု ပြင်းထန်စွာ ရှုတ်ချပြောဆိုထားသည်။

ထို့အပြင် အမျိုးသမီးများနှင့် ကလေးငယ်များအပေါ် အကြမ်းဖက်မှု၊ သက်ငယ်မုဒိမ်းမှု ကျူးလွန်ခြင်းများ ထပ်မံမဖြစ်ပွားစေရန်အတွက် ကျူးလွန်သူများကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေဖြင့် အမှုမှန်ပေါ်ပေါက်စေရန် အမြန်ဆုံး တရားစီရင်ပေးရန် တောင်းဆိုထားသည်။

သာဓကအနေဖြင့် တရားခံကို လျော့ပေါ့ခြင်းမရှိဘဲ တရားစီရင်ရန်နှင့် ကလေးငယ်များ၏ လုံခြုံရေးနှင့် စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့ပေးမှုများကို စနစ်တကျ ဆောင်ရွက်ပေးရန်လည်း တောင်းဆိုထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ