သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဖိလစ်ပိုင်နိုင်ငံတွင် တိုင်ဖွန်းမုန်တိုင်းကြောင့် လူ၂၅ဦးသေဆုံး၊ ၂ သိန်း ၇ သောင်းကျော် ကို ဘေးလွှတ်ရာသို့ ပြောင်းရွေ့



‎AB News – ဇူလိုင် ၂၆၊ ၂၀၂၅
‎နွယ်စိုး

‎ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းတွင် “ကိုမေ” တိုင်ဖွန်းမုန်တိုင်းကြောင့် လူ ၂၅ ဦးသေဆုံးပြီး   လူပေါင်း ၂ သိန်း ၇ သောင်းကျော်ကို အရေးပေါ် ရွေ့ပြောင်းထားရကြောင်း ဖိလစ်ပိုင်သတင်း ဌာနများတွင်ဖော်ပြထားသည်။

‎”ကိုမေ” တိုင်ဖွန်းမုန်တိုင်းသည် ဇူလိုင်၂၄ ရက်နေ့၊ ညနေပိုင်းကစပြီး ဖိလစ်ပိုင် နိုင်ငံ၊ လူဇူကျွန်းအနားရှိ ပန်ဂါဆီနန်ပြည်နယ်၊ အဂိုနိုမြို့ကို စတင်ဝင်ရောက်ပြီး တစ်နာရီလျှင် ၇၄ မိုင်နှုန်းကနေ ၁၀၂ မိုင်အထိ တိုက်ခတ်သွားခဲ့သည်ဟု လို့ ဖိလစ်ပိုင် မိုးလေဝသဌာနက ထုတ်ပြန်သည်။

‎အဆိုပါ မုန်တိုင်းသည် ဖိလစ်ပိုင်နိုင်ငံ၏ မြောက်ဖက်သို့ ဆက်လက်ရွေ့လျားပြီး ယနေ့ နေ့လယ် ပိုင်းအထိ တစ်နာရီကို  ၆၂ မိုင်နှုန်းဖြင့် ဆက်လက်တိုက်ခတ်နေသည်ဟု ဆိုထားသည်။

‎မုန်တိုင်းကြောင့် ဖိလစ်ပိုင် နိုင်ငံတဝန်း မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုများဖြစ်ပေါ်နေကာ လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲခြင်း၊ မြေပြိုခြင်းနှင့်လျှပ်စစ်ဓာတ်လိုက်ခြင်းများကြောင့် လူ ၂၅ ဦးသေဆုံးကာ ၈ ဦးထက်မနည်း ပျောက်ဆုံးနေသည်ဟု ဖော်ပြထားသည်။

‎နိုင်ငံတဝန်း လူနေအိမ် ၃၀၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ပြီး မုန်တိုင်းဒဏ်သင့်ဒေသများနှင့် ရေလွှမ်းဒေသများက လူပေါင်း ၂၇၈၀၀၀ ခန့်ကို ဘေးလွှတ်ရာသို့ ရွေ့ပြောင်းထားရသည်ဟု  ဖိလစ်ပိုင်သဘာဝအရေးပေါ်စီမံခန့်ခွဲရီးဌာနက ထုတ်ပြန်သည်။

‎ယင်းအပြင် မုန်တိုင်းကြောင့် ဖိလစ်ပိုင်နိုင်ငံပြည်နယ် ၃၅ ခုတွင် စာသင်ကျောင်းများကို ဆက်ပိတ်ထားရပြီး မြို့ပေါင်း  ၇၇ မြို့ထက်မနည်းကို သဘာဝဘေးအန္တရာယ်ကြေညာချက် ထုတ်ပြန်ထားသည်။

‎ဖိလစ်ပိုင်နိုင်ငံတွင်  မိုးဦးကာလကစပြီး  မုန်တိုင်း ၅ ခု တိုက်ခတ်ခဲ့ကာ နောက်ထပ်မုန်တိုင်း ၁၀ ကျော် ဝင်ရောက်ပြီး တိုက်ခတ်ဖွယ်ရှိ​သေးကြောင်းလည်း ဖိလစ်ပိုင်မိုးလေဝသဌာနက သတိပေးထုတ်ပြန်ထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်