သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
နိုင်ဂျီးရီးယားနိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုကြောင့် ဒေသခံ ၁၅၀ ကျော် သေဆုံး

AB News ဇွန် ၂ ၊ ၂၀၂၅
နွယ်စိုး

နိုင်ဂျီရီယားနိုင်ငံ၊ နိုင်ဂျာပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သောကြောင့် ဒေသခံ ၁၅၁ ဦးထက်မနည်းသေဆုံးခဲ့ကာ နေအိမ် ထောင်ချီ ပျက်စီးသွားခဲ့သည်ဟု Reuters သတင်းဌာနတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် မေလ ၂၈ ရက်နေ့ ညနေပိုင်းမှ စပြီး မေလ ၂၉ ရက်နေ့ နံနက်ပိုင်းအထိ နိုင်ဂျာပြည်နယ်တွင် မိုးသည်းထန်စွာရွာပြီး ရေကြီးရေလျှံမှုဖြစ်ပွားမှုကြောင့် လူ ၁၅၁ ဦးသေဆုံးခဲ့ကာ အများအပြားလည်း ပျောက်ဆုံးနေဆဲဖြစ်ကြောင့် အရေးပေါ် စီမံခန့်ခွဲမှုအေဂျင်စီ၏ အကြီးအကဲ အီဘရာဟင် ဟူစိန်နီ က မေလ ၃၀ ရက်နေ့တွင် ပြောကြားခဲ့သည်။

နိုင်ဂျာပြည်နယ် အရေးပေါ် စီမံခန့်ခွဲမှုအေဂျင်စီ အကြီးအကဲ အီဘရာဟင် ဟူစိန်နီ က မြောက်ဘက်-အလယ်ပိုင်းနယ်မြေက ကျေးရွာ ၂ ခုတွင်လည်း အိမ်ခြေ ၃,၀၀၀ လောက် ရေနစ်မြုပ်သွားခဲ့ကြောင်း ဆိုထားသည်။

နိုင်ဂျီးရီးယားနိုင်ငံသည် ဆယ်စုနှစ်တခုကျော်အတွင်း အဆိုးရွားဆုံး ရေလွှမ်းမိုးမှုဒဏ်ကို ၂၀၂၂ ခုနှစ်က ကြုံတွေ့ခဲ့ရဖူးပြီး လူပေါင်း ၆၀၀ ကျော် သေဆုံးခဲ့ရာ ၁ ဒသမ ၄ သန်းလောက် အိုးအိမ်မဲ့ဖြစ်ခဲ့ရပြီး လယ်ယာမြေ ဟက်တာ ၄ သိန်း ၄ သောင်း ပျက်စီးခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်