သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSSP) မှ ဥက္ကဌနှင့် ဒုဥက္ကဌ နေအိမ် ၂ အိမ် ဗုံးပစ်ခံရ

AB News – ဇူလိုင် ၈ ၊ ၂၀၂၅
ချန်ဒြာ

ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့၊ ယုဇနရပ်ကွက်ရှိ ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSSP) မှ ဥက္ကဌနှင့် စီတာပူရပ်ကွက်ရှိ ဒုဥက္ကဌ နေအိမ် ၂ အိမ် ဗုံးပစ်တိုက်ခိုက်ခံရကြောင်း သိရသည်။

ယမန်နေ့ ဇူလိုင်လ ၇ ရက်နေ့ ညနေ ၃ နာရီ ၄၀ မိနစ်အချိန်တွင် (KSSP) မှ ဒုဥက္ကဌ ဒေါ်ဒွဲဘူရဲ့ နေအိမ်နှင့် ညနေ ၃ နာရီ ၄၅ မိနစ်အချိန်တွင် (KSSP) မှ ဥက္ကဌ ဒေါက်တာတူးဂျာတို့ နေအိမ် ဗုံးပစ်တိုက်ခိုက်ခံရကြောင်း သိရသည်။

စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ နေအိမ် ၂ အိမ်မှာ အသံမိုင်းဖြင့် တိုက်ခိုက်ခံရခြင်းဖြစ်ပြီး နေအိမ်ရှိ ပြတင်းတံခါးမှန်များ ပျက်စီးသွားခဲ့ကြောင်း သိရသည်။

(KSSP) မှ ဥက္ကဌ ဒေါက်တာတူးဂျာသည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA/KIO) တွင် ဒုဥက္ကဌအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။

ဒေါ်ဒွဲဘူသည် ၂၀၁၀ ခုနှစ်က အင်ဂျန်းယန်မြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်တစ်ဦးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် (KSSP) ၌ ဒုဥက္ကဌအဖြစ်တာဝန်ထမ်းဆောင်နေကြောင်း သိရသည်။

ဒေါက်တာတူးဂျာသည် ပြီးခဲ့သည် ရက်ပိုင်းက နေပြည်တော်တွင် စစ်ကောင်စီကျင်းပသည့် ငြိမ်းချမ်းရေးဖိုရမ်(Peace Forum 2025) ကိုတက်ရောက်ခဲ့ပြီး ငြိမ်းချမ်းရေးနှင့် ရွေးကောက်ပွဲသည် အရေးကြီးကြောင်းနှင့် မြန်မာနိုင်ငံသည် တိုင်းရင်းသားပေါင်းစုံနေထိုင်ခြင်းဖြစ်သည့်အတွက် ဖက်ဒရယ်မူသည်သာ  သတင်းအင်တာဗျူးတွင်ဖြေဆိုခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ