သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စလင်းမြို့ အနောက်ဘက် စစ်ကောင်စီစခန်း တိုက်ခိုက်ခံရ၊ တပ်သား ၈ ဦး သေဆုံး

AB News – ဧပြီ ၂၇၊ ၂၀၂၅

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့၏ အနောက်တောင်ဘက်အထွက် ဝက်သည်းကန်ရွာအနီးတွင်ရှိသော အကြမ်းဖက်စစ်ကောင်စီ၏ စခန်းတစ်ခုကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၈ ဦး သေဆုံး ခဲ့ကြောင်း မင်းဘူးခရိုင် အမှတ်-၅ တပ်ရင်းက ဧပြီ ၂၆ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ယမန်နေ့ နံနက် ၅ နာရီ ၂၄ မိနစ်ခန့်တွင် စလင်းမြို့အနောက်ဘက်အထွက် ဝက်သေးကန်အနီး ရှမ်ရွာကုန်းနှင့် ဆင်ကျုံးကြားရှိ အကြမ်းဖက်စစ်ကောင်စီစခန်းကို မင်းဘူးခရိုင် အမှတ်-၅ တပ်ရင်းနှင့် Yenanthar Column တို့ပူးပေါင်း၍ တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲသည် မိနစ် ၂၀ ခန့် ကြာမြင့်ခဲ့သည်ဟု ဆိုသည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ တပ်သား ၈ ဦး သေဆုံးခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များဘက်မှ အထိအခိုက်မရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်