
AB News – ဧပြီ ၂၆ ၊ ၂၀၂၅
ရုရှားနိုင်ငံ ၊ မော်စကိုမြို့တော် အရှေ့ဘက်နားရှိ ဘာလ့ာရှိခါမြို့တွင် ယမန်နေ့ ဧပြီလ ၂၅ ရက်နေ့က ကားဗုံးပေါက်ကွဲမှုကြောင့် ရုရှားစစ်တပ်အရာရှိ ယာရိုစလောဗ့်မိုစ်ကာလိခ် သေဆုံးသွားခဲ့ကြောင်း ရုရှားစုံစမ်းစစ်ဆေးရေး ကော်မတီက ပြောဆိုသည်။
အရာရှိ ယာရိုစလောဗ့် မိုစ်ကာလိခ်သည် ရုရှား စစ်တပ် အထွေထွေ စစ်ဦးစီးချုပ်ရုံး၏ ပင်မစစ်ဆင်ရေးညွှန်ကြားရေးဌာနမှ ဒုတိယအကြီးအကဲ ဖြစ်ကြောင်း သိရှိရသည်။
အရာရှိ ယာရိုစလောဗ့် မိုစ်ကာလိခ်၏ကားတွင် ပေါက်ကွဲစေတတ်သော အိမ်လုပ်ဖောက်ခွဲရေးပစ္စည်းများ ပေါက်ကွဲသွားခြင်းကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ပြောဆိုထားသည်။
အရာရှိယာရိုစလောဗ့် မိုစ်ကာလိခ်သေဆုံးမှုနှင့်ပတ်သတ်၍ အရေးပေါ် စုံစမ်းစစ်ဆေးရေးများ လုပ်ဆောင်နေသော်လည်း ဖြစ်စဥ်၏နောက်ကွယ်တွင် မည်သူရှိကြောင်း မသိရှိရသေးပေ။
သို့သော်လည်း ကားဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ချိန်တွင် ရုရား-ယူကရိန်းတို့ကြား ငြိမ်းချမ်းရေးကိုလိုလားသူ သမ္မတဒေါ်နယ်ထရန်၏ အထူးသံတမန် စတီဗီ ဝိကေ့ာခ် ရုရှားနိုင်ငံသို့ ရောရ်ရှိနေချိန်နှင့် တိုက်ဆိုင်နေသည်ကို တွေ့ရသည်။
ရုရှားနိူင်ငံတွင် ယူကရိန်း စစ်ပွဲ စတင်ချိန်ကမှ စစ်တပ်အရာရှိကြီးသေဆုံးမှုများ ဆက်တိုက်ရှိနေပြီး ယခု စစ်တပ်အရာရှိ ယာရိုစလောဗ့် မိုစ်ကာလိခ် ကားဗုံးပေါက်ကွဲမှုကြောင့် သေဆုံးမှုမှာလည်း သံသယဖြစ်ဖွယ်ပင် ဖြစ်သည်။