သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပလက်ဝတွင် နေအိမ် ၆ ဆောင် မီးလောင်ပျက်စီး

AB News-မတ် ၁၁၊ ၂၀၂၅

ပလက်ဝမြို့နယ် အောက်သဲမဝအုပ်စု အောက်သဲမဝကျေးရွာတွင် မတ်လ ၉ ရက်နေ့က မီးဘေးပေါ့ဆမှုကြောင့် နေအိမ် ၆ ဆောင် မီးလောင်ပျက်စီးသွားကြောင်း စုံစမ်းသိရှိရသည်။

မတ်လ ၉ ရက်နေ့ ညနေ ၄ နာရီကျော်အချိန် ၎င်းကျေးရွာတွင် နေထိုင်သည့် မဖြူဖြူဝင်း၏နေအိမ်အတွင်း ထမင်းချက်သည့်အချိန် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကျေးရွာသားများက ပြောသည်။

“ထမင်းချက်မီးကနေ ထလောင်တာပါ။ နေအိမ် ၆ လုံးမီးလောင်ကျွမ်းသွားပါတယ်။ ကာလပေါက်ဈေးအနေနဲ့က သိန်း ၁၆၀၀ လောက် ဆုံးရှုံးသွားတာပေါ့” ဟုပြောသည်။

ထိုအိမ်မှ တစ်ဆင့် အိမ်နီးချင်း နေအိမ်များသို့ မီးကူးစက်ပြီး စုစုပေါင်း နေအိမ် ၆ ဆောင် မီးလောင်ပျက်စီးခဲ့ရသည်။

ညနေ ၅ နာရီခွဲအချိန်တွင် ငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် မီးဘေးသင့် အိမ်ထောင်စု ၆ စုမှ လူဦးရေ ၃၁ ဦးတို့ကို အောက်သဲမဝကျေးရွာ စာသင်ကျောင်းတွင် ယာယီနေရာချထားပြီး လိုအပ်သည်များကို တာဝန်ရှိသူများက ကူညီပေးထားကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ