သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
NUG အဖွဲ့တွင် လူ့အခွင့်အရေး ဒုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသည့် အောင်ကျော်မိုး ဓာတ်ပုံအတုဖြင့် သတင်းမှားဖြန့်ဝေ

AB News-သြဂုတ် ၂၀၊ ၂၀၂၄

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၊ လူ့အခွင့်အရေးဝန်ကြီးဌာနတွင် ဒုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသည့် အောင်ကျော်မိုးသည် ဖြတ်တောက် ပြုပြင်ထားသော ဓာတ်ပုံဖြင့် နတ်မြစ်တွင် စက်လှေမှောက်၍ မူဆလင် ၃၀ ကျော်သေသည်ဟု ယနေ့မနက် ဖြန့်ဝေသည်ကိုတွေ့ရသည်။

၎င်းသုံးထားသည့် ဓာတ်ပုံမှာ ဇွန်လ ၂၈ ရက်၊ ၂၀၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ပါဒလိတ်ဆိပ်ကမ်းမှ ရသေ့တောင်မြို့နယ် မိုးစဲကျွန်း ဇီးကိုင်းကျေးရွာဘက်သို့ သွားသည့် ခရီးသည် တင်စက်လှေတစ်စင်း တိမ်းမှောက်သည်ကို The Myawady Daily မှ တင်ထားသည့် ဓာတ်ပုံအား Crop ဖြတ်တောက်ထားသည်ကို တွေ့ရသည်။

အောင်ကျော်မိုးသည် ၎င်းသတင်းအား ၎င်း၏ Facebook အကောင့်တွင် တင်ထားခြင်းဖြစ်ပြီး ဓာတ်ပုံအတုဖြင့် သတင်းတင်ထားခြင်းဖြစ်ကြောင်း လူအများက ထောက်ပြမှု ရှိနေသော်လည်း သတင်း၊ ဓာတ်ပုံအား ဖြုတ်ချခြင်း၊ ပြုပြင်ခြင်း မရှိသည်ကိုလည်း တွေ့ရသည်။

အောင်ကျော်မိုးသည် သတင်းတု သတင်းမှားများရေးသားဖြန့်ဝေသည့်အပြင် သတင်းမှားများအား မီဒီယာများတွင် အင်တာဗျူးဖြေကာ တွင်တွင်ကျယ်ကျယ် ဝါဒဖြန့်နေသူလည်းဖြစ်သည်။

အောင်ကျော်မိုးဖြင့်ဝေထားသည့် သတင်းတု၊ သတင်းမှား အားကြည့်ရန်-https://web.facebook.com/share/p/Gfwpp2acGVQ6ok7k/

အောင်ကျော်မိုး အသုံးပြုထားသည့် ဓာတ်ပုံအစစ်အမှန်အားကြည့်ရန်- http://myawady-myawady.blogspot.com/…/blog-post_122.html

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ