သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘင်္ဂလားပင်လယ်အော်တွင် ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာနိုင်ခြေ ၉၀ ရာခိုင်နူန်းထိရှိလာ

ဘင်္ဂလား ပင်လယ်အော်တွင် ဆိုင်ကလုန်းမုန်တိုင်း ဖြစ်လာနိုင်ခြေ ၉၀ ရာခိုင်နူန်းထိရှိလာကြောင်း မိုးဇ/လကထုတ်ပြန်လိုက်သည်။

ထုတ်ပြန်ချက်တွင် ဘင်္ဂလားပင်လယ်အော်မှာ မေလ ၂၂ ရက်နေ့တွင် လေဖိအားနည်းရပ်ဝန်းစတင်ဖြစ်ပေါ်ပြီး နောက်လာမည့် ၇၂ နာရီမှ ၉၆ နာရီအတွင်း(နောက် ၃ ရက်မှ ၄ ရက်အတွင်း)ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ခြေ HIGH အဆင့်ရှိလာနိုင်သည်ဟု အိန္ဒိယမိုးလေဝသဌာန ကြေညာထုတ်ပြန်ထားကြောင်း ဦးဝင်းနိုင်၏ Facebook Page တွင်ရေးသားဖော်ပြထားသည်။

အဆိုပါ ECMWF(European Centre for Medium-Range Weather Forecasts)က၎င်းတို့၏ စူပါကွန်ပျူတာများသည် သင်္ချာပုံစံခန့်မှန်းရေး model များကို စုစည်းပြီး ECMWF 4D-Var analysis နည်းနှင့် ခန့်မှန်းချက်များကိုနှိုင်းယှဉ်ပြီး တိကျမှန်ကန်မှုအရှိဆုံးသော အဖြေထွက်ပေါ်စေရန် ဆောင်ရွက်လျှက်ရှိကြောင်း ဖော်ပြထားသည်။

လက်ရှိတွင် မုန်တိုင်းငယ် Depression ဖြစ်လာနိုင်ခြေ ၅၀ ရာခိုင်နူန်းမှ ၉၀ ရာခိုင်နူန်းထိ ရှိလာကြောင်း သိရသည်။

အလားတူ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ၂၂-၅-၂၀၂၄ ရက်နေ့၌ လေဖိအားနည်းရပ်ဝန်း (Low Pressure Area)တစ်ခု ဖြစ်ပေါ်နိုင်ပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း (Low Pressure Area)သည် ကနဦးတွင် အရှေ့မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး ပိုမိုအားကောင်းလာနိုင်ကာ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းတွင် ၂၄-၅-၂၀၂၄ ရက်နေ့၌ မုန်တိုင်းငယ် (Depression)အဖြစ်သို့ ရောက်ရှိနိုင် သည်ဟု မိုး/ဇလကခန့်မှန်းထားသည်။

၎င်းလေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းအဆင့်သို့ ရောက်ရှိလာလျှင် အိုမန်နိုင်ငံက အဆိုပြုတင်သွင်းထားသည့် Re-Mal ( ရီမယ်) နာမည်ရလာနိုင်ကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်ကဆိုထားသည်။

အမေရိကန်နိုင်ငံ ( GFS )Data၊ အင်္ဂလန်နိုင်ငံ ( ECMWF) Data ၊ အိန္ဒိယနိုင်ငံ ( GFS) Data တိုင်းတာချက်များမှလည်း မုန်တိုင်းအားကောင်းလာနိုင်မှုကို ဖော်ပြထားကြောင်း တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ