သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့သည့် စစ်ကောင်စီတပ်သား ၂၈၈ ဦးကို မြန်မာသို့ ပြန်ပို့

ရက္ခိုင် တကျော့ပြန်ကာလတိုက်ပွဲအတွင်း ဘင်္ဂလားဒေ့ရှ်သို့ထွက်ပြေးခဲ့ကြသည့် စစ်ကောင်စီ နယ်ခြားစောင့်တပ်သား ၂၈၈ ဦးကို ယနေ့ဧပြီလ ၂၅ ရက်နေ့ တွင် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း BD News ကဖော်ပြသည်။

ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီနှင့်နယ်ခြားစောင့်တပ်သား ၂၈၈ ဦးကို လုံခြုံရေးတင်းကျပ်စွာဖြင့် ခေါ်လာပြီး ဘင်္ဂလားဒေ့ရှ် Cox’s Bazar ရှိ Nuniachara BIWLTA ဆိပ်ခံတံတားမှ ချင်းတွင်း စစ်သင်္ဘောတစ်စီးဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါသင်္ဘောသည် ​မြန်မာနိုင်ငံအတွင်း အကျဥ်းကျနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၇၃ ဦးကို တင်ဆောင်ကာ ဗုဒ္ဓဟူးနေ့တွင် ဘင်္ဂလားဒေ့ရှ့်ရေပိုက်နက်အတွင်းသို့ ရောက်ရှိနေသည့် သင်္ဘောဖြစ်သည်။

၎င်းစစ်သင်္ဘောဖြင့် စစ်ကောင်စီတပ်သားများကို ပြန်လည်ခေါ်ဆောင်သွားကြောင်း BD News ကဖော်ပြသည်။

Cox’s Bazar ၏ ခရိုင်တရားသူကြီး Yamin Hussain က “စစ်ကောင်စီတပ်သားတွေကို ပင်လယ်နက်ထဲက မြန်မာသင်္ဘောတစ်စင်းဆီ လွှဲပြောင်းပေးလိုက်ပါပြီ။ အခု သူတို့ရဲ့မွေးရပ်မြေကို သူတို့ ပြန်သွားပါပြီ” ဟု ဆိုသည်။

အာရက္ခတပ်တော်နှင့် စစ်ကောင်စီတို့ ၂ ဖက်တိုက်ပွဲပြင်းထန်ပြီးနောက် နယ်ခြားစောင့်တပ်သား ၃၃၀ ကျော်သည် ဘင်္ဂလားဒေ့ရှ်သို့ ပထမအသုတ်ထွက်ပြေးလာခဲ့ပြီး ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ရက္ခိုင်-ဘင်္ဂလားနယ်စပ်ဒေသ တစ်လျှောက်တွင် အာက္ခတပ်တော်နှင့် စစ်ကောင်စီတို့ စစ်ရေးပြင်းထန်မှုကြောင့် စစ်ကောင်စီတပ်သားများသည်လည်း ခုခံနိုင်စွမ်းမရှိတော့ဘဲ လက်နက်များဖြင့် နယ်စပ်ဒေသများမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးတိမ်းရှောင်လာကြသည်များဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ