AB News- နိုဝင်ဘာ ၄ ရက်
ရှမ်းမြောက်ဒေသနှင့်စပ်လျဥ်း၍ ရခိုင်ဒေသတွင်း စစ်ကောင်စီတပ်ဖွဲ့များ စစ်ရေးလှုပ်ရှားမှုပိုများလာကြောင်း ညီနောင်မဟာမိတ် သုံးဖွဲ့၏ ၈ရက်မြောက်နေ့ ထုတ်ပြန်ချက်တွင် ပါရှိသည်။
Operation 1027 ၁၀၂၇ စစ်ဆင်ရေးပူးပေါင်း တိုက်ပွဲဝင်နေသည့် ကိုးကန့် MNDAA၊ တအောင်း TNLA ၊ ရက္ခိုင် AA တို့သည် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် စစ်ကောင်စီတပ်စခန်းများအား ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။
၎င်း၏အကျိုးဆက်ကြောင့် စစ်ကောင်စီတပ်ဖွဲ့များသည် ရခိုင်ဖက်တွင်ကြီးကြီးမားမား မဖြစ်ပွားသေးလည်းဘဲ စစ်ရေးလှုပ်ရှားမှု များလာကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ယခုလိုပြောသည်။
” ရက္ခိုင်ဒေသအတွင်းမှာ လောလောဆယ် တိုက်ပွဲတွေမဖြစ်ပွားသေးပေမယ့်လည်း ရန်သူ့စစ်ရေးလှုပ်ရှားမှုတွေ၊ ၊ စစ်ရေး ပြင်ဆင်မှုတွေမှာ ယခင်ထက်ပိုမိုများပြားလာတာကို တွေ့ရှိရတယ်” ဟု ဆိုသည်။
ယနေ့မနက်ပိုင်းကလည်း ချင်းပြည်နယ် ပလက်ဝမြို့နယ် ဘားဝရွာတွင် Local PDF နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီးကျည်ထိမှန်၍ အမျိုးသမီးတစ်ဦး ဆေးရုံတင်ထားခဲ့ကြောင်း သိရသည်။
ထို့အပြင် နိုဝင်ဘာလ ၃ ရက်နေ့က ကလေးမြို့အခြေစိုက် စစ်ကောင်စီဖက်မှ လက်နက်ပစ်ခတ်မှုကြောင့် ဥယျာဥ်ရွာထဲက အမျိုးသမီးတစ်ဦးအား ကျည်ထိမှန်ကာ သေဆုံးသွားခဲ့သည်။
ယနေ့ နေ့လည်ကျော်အချိန်တွင်လည်း စစ်ကိုင်းတိုင်း ကလေးမြို့နယ် ကလေး-တမူးလမ်းတွင် ညီနောင်မဟာမိတ် သုံးဖွဲ့ နှင့်စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် အနီးအနားရှိရွာများမှ ပြည်သူများ တောထဲသို့ပြေးနေကြရသည်ဟု ဒေသခံများပြောပြချက်အရ သိရသည်။
Operation 1027 ၁၀၂၇ စစ်ဆင်ရေး ၈ရက်တာအတွင်း စစ်ကောင်စီတပ်စခန်း ၁၀၀ ကျော်ကို အမြစ်ပြတ်ချေမှုးနိုင်ခဲ့ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ယနေ့ ၁ နာရီ ၄၅ မိနစ်တွင် ထုတ်ပြန်ထားသည်။