AB News-နိုဝင်ဘာ ၁ ရက်
၁၀၂၇ စစ်ဆင်ရေး ၆ ရက်မြောက်နေ့တွင် ညီနောင်မဟာမိတ်သုံးဖွဲ့တို့သည် ပြင်ဦးလွင်အနီးသို့ ထိုးစစ်ဆင်လာနေကြောင်း သိရသည်။
၎င်းတို့ အဓိကပစ်မှတ်ထားသည့် စစ်ကောင်စီ စစ်တက္ကသိုလ် ( DSA) နှင့် အခြေချထားသည့် စစ်စခန်းများကို သိမ်းပိုက်ရန်ကြိုးစားနေကြောင်း တွေ့ရသည်။
စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်လာနေခြင်းနှင့် အင်းအားဖြည့်တင်းလာမှုများ အဆက်မပြတ်လုပ်ဆောင်နေကြောင်း သိရသည်။
ယနေ့နံနက်အစောပိုင်းတွင် ပြင်ဦးလွင်-မိုးကုတ်လမ်းသစ်အနီးတွင် ၂ ဖက်တိုက်ပွဲဖြစ်ပွားနေကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ယနေ့တွင်လည်း စစ်ကောင်စီ၏ စစ်တပ်ယာဥ်တန်းသည် မိုးကုတ်လမ်းခွဲအနီးသို့ သွားရောက်စဥ် ခရီးသည်တင်ကားများ နှင့် ကုန်တင်ကားများ ရပ်နားထားခဲ့ရကြောင်း တွေ့ရသည်။
၁၀၂၇ စစ်ဆင်ရေးတွင် MNDAA၊ TNLA၊ AA အပါအဝင် တခြားပူပေါင်း မဟာမိတ်အဖွဲ့များစွာပါရှိသည်။
လက်ရှိတွင် ပြင်ဦးလွင်မြို့ပေါ်ရှိ ပြည်သူလူထုများမှာလည်း စိုးရိမ်ထိတ်လန့်နေကြရကြောင်း သိရသည်။
တိုက်ပွဲများဆက်တိုက် ဖြစ်ပွားနေသည့်အတွက် နေပြည်တော်ရှိ စစ်တပ်မိသားစု၊ ဌာနဆိုင်ရာ မိသားစုဝင်များမှ တပ်သားများလည်း အမြောက်အများထွက်ပြေးနေကြောင်း သိရသည်။