သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဆစ်ခ်ဘာသာဝင်အချို့ အိန္ဒိယနိုင်ငံမှာ သီးသန့်ခွဲထွက်နယ်မြေပေးရန် ဘာကြောင့် တောင်းနေကြတာလဲ (ဆောင်းပါး)

ဆစ်ခ်ဘာသာဝင်အချို့ အိန္ဒိယနိုင်ငံမှာ သီးသန့်ခွဲထွက်နယ်မြေပေးရန် ဘာကြောင့် တောင်းနေကြတာလဲ (ဆောင်းပါး)

ABN-နွယ်စိုး

စက်တင်ဘာ ၂၉ ရက်

ကနေဒါနိုင်ငံသားတစ်ဦးဖြစ်သည့် အိန္ဒိယနွယ်ဖွား ဆစ်ခ်ဘာသာရေးခွဲထွက်ခေါင်းဆောင်တစ်ဦးသေဆုံးခဲ့ခြင်းသည် အိန္ဒိယအစိုးရ၏ အဖွဲ့အစည်းတချို့နှင့်ဆက်နွယ်နေသည်ဟု ကနေဒါဝန်ကြီးချုပ် ဂျပ်စတင်ထရူးဒိုးက အိန္ဒိယကို စွပ်စွဲချက်ပြီးနောက် နှစ်နိုင်ငံကြား တင်းမာမှုများဖြစ်လာပြီး အိန္ဒိယမှာ နေထိုင်သည့် ဆစ်ခ်ဘာသာဝင်အချို့လည်း ၄င်းတို့အတွက် ခွဲထွက်နယ်မြေပေးရန် တောင်းဆိုလာခဲ့ကြသည်။

အိန္ဒိယနိုင်ငံအနေဖြင့် အဆိုပါစွပ်စွဲချက်များကို ငြင်းဆိုထားပြီး ၎င်းတို့ကို ပြင်းပြင်းထန်ထန် ရူတ်ချပြောဆိုထားသည်။

⬛ ဆစ်ခ်တွေက ဘယ်သူတွေလဲ ၊ သူတို့ဘယ်မှာနေလဲ

ဆစ်ခ်ဘာသာကို ၁၆ ရာစုအတွင်း အိန္ဒိယနိုင်ငံ ပန်ဂျပ်ဒေသတွင် တည်ထောင်ခဲ့ပြီး ကမ္ဘာ့အဓိကဘာသာများထဲမှ ကိုးကွယ်ယုံကြည်ရာ ဘာသာတစ်ခု တစ်ခုဖြစ်လာခဲ့ကာ ကမ္ဘာပေါ်တွင် ပဉ္စမမြောက် ကိုးကွယ်သူ အများဆုံး ဘာသာတရားလည်း ဖြစ်လာခဲ့၍ ကိုးကွယ်သူပေါင်း သန်း ၃၀ ကျော် ရှိကာ အဆိုပါပန်ဂျပ်ပြည်နယ်သည် ဆစ်ခ်ဘာသာ ကိုးကွယ်သူ အများဆုံး ဒေသ ဖြစ်သည်။

ကနေဒါမှာ အိန္ဒိယလူမျိုး ၁ ဒသမ ၄ သန်းကနေ ၁ ဒသမ ၈ သန်း ကြားရှိပြီး အိန္ဒိယပန်ဂျပ်ပြည်နယ်၏ အပြင်ဘက်မှာ ဆစ်ခ်လူဦးရေအများဆုံး ရှိသည်။

ကမ္ဘာတစ်ဝှမ်းတွင် ဆစ်ခ်ဘာသာဝင် ၂၅ သန်းခန့်ရှိသည်။

ဆစ်ခ်အများစုသည် အိန္ဒိယတွင် နေထိုင်ကြပြီး အိန္ဒိနိုင်ငံ၏ လူဦးရေ ၁.၄ ဘီလီယံမှ ၂ ရာခိုင်နှုန်းခန့်မှာ ဆစ်ခ်ဘာသာဝင်များဖြစ်ကြ၍ တချို့သော ဆစ်ခ်ဘာသာရေးအဖွဲ့များက ဆစ်ခ်လူမျိုးများအတွက် ခွဲထွက်နယ်မြေပေးရန် တောင်းဆိုခဲ့ကြသည်။

ကနေဒါနိုင်ငံသည် အိန္ဒိယနိုင်ငံ၏ပြင်ပတွင် လူဦးရေအများဆုံးနေထိုင်ရာ နိုင်ငံဖြစ်ပြီး ဆစ်ခ်လူမျိုး ၇၈၀,၀၀၀ ဝန်းကျင်ရှိကာ အမေရိကန်နှင့် ဗြိတိန်နှစ်နိုင်ငံစလုံးမှာ ၅၀၀,၀၀၀ ဝန်းကျင်နှင့် သြစတြေးလျတွင် ၂၀၀,၀၀၀ ခန့် နေထိုင်ကြသည်။

⬛ ဆစ်ခ်ဘာသာဝင်အချို့က ဘာကြောင့် သီးခြားခွဲထွက်နယ်မြေ တောင်းဆိုကြတာလဲ

ဆစ်ခ်လူမျိုးများသည် ၁၉၇၀ ပြည့်လွန်နှစ်များတုန်းက ခွဲထွက်ရေးလှုပ်ရှားမှုကို စတင်ခဲ့ပြီး ထိုဖြစ်စဥ်များကြောင့် ပန်ဂျပ်ပြည်နယ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုများဆက်တိုင်းဖြစ်ပွားခဲ့ကာ ဆစ်ခ်လူမျိုးထောင်နှင့်ချီ အသက်ဆုံးခဲ့ရသည်။ နောက်ဆယ်စုနှစ်ကြာလာချိန်မှာ ၄င်းတို့၏ ခွဲထွက်ရေးလှုပ်ရှားမှု အပြီးသတ် ချေမှုန်းခံလိုက်ရသည်။

ထိုအချိန်ကစလို့ ခွဲထွက်ရေး လုပ်ရှားမှုများသည် ဆစ်ခ် လူဦးရေများပြားသည့် ကနေဒါနှင့် ယူကေလို နိုင်ငံမျိုးများမှာ အများအားဖြင့် လုပ်ဆောင်နိုင်ခဲ့ကြသည်။

⬛ ဟာဒစ်ဆင်းဂျ်နီဂျာ ဆိုတာ ဘယ်သူလဲ

ပြီးခဲ့သည့် ဇွန်လ ၁၈ ရက်နေ့က ကနေဒါက ဆစ်ခ်ဘုရားကျောင်းအပြင်ဘက်မှာ ဆစ်ခ်ဘာသာရေးခေါင်းဆောင် ဟာဒစ်ဆင်းဂျ်နီဂျာ သေနတ်ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။

အိန္ဒိယအစိုးရအနေဖြင့် မစ္စတာနီဂျာ ကို စစ်သွေးကြွအကြမ်းဖက်အဖွဲ့ကို ဦးဆောင်သူအကြမ်းဖက် သမားအဖြစ် ပုံဖော်ကြေညာထားသော်လည်း မစ္စတာနီဂျာ ကိုထောက်ခံသူများအနေဖြင့် ထိုကဲ့သို့ ကြေညာထားခြင်းသည် အခြေအမြစ်မရှိသည့် စွပ်စွဲချက်များဟု တုံ့ပြန့်ထားပြီး ထောက်ခံသူများအပြောအရ ၄င်း၏ တက်ကြွလှုပ်ရှားမှုများကြောင့် အရင်ကခြိမ်းခြောက်ခံရမှုများရှိခဲ့ဖူးသည်ဟု ပြောကြားထားသည်။

စက်တင်ဘာလ ၂၁ရက်နေ့က လွတ်တော်၌ ကနေဒါဝန်ကြီးချုပ်ထရူးဒိုး က ၄င်းသည် ပြီးခဲ့သည့် ရက်ပိုင်းကသွားခဲ့သည့် ဒေလီတွင် လုပ်ခဲ့သော G၂၀ ထိပ်သီးအစည်းအဝေးမှာ အိန္ဒိယ၀န်ကြီးချုပ်မိုဒီ နှင့်တွေ့ဆုံချိန် မစ္စတာနီဂျာ အသတ်ခံရသော ကိစ္စကိုပြောခဲ့သည် ဟုဆိုသည်။

ကနေဒါမြေမှာ ကနေဒါနိုင်ငံသားတစ်ဦး သတ်ဖြတ်ခံရသည့်ကိစ္စမှာ နိုင်ငံခြားအစိုးရတစ်ရပ်၏ ပါဝင်ပတ်သက်မှုသည် လက်မခံနိုင်စရာကိစ္စဖြစ်ပြီး ကျွန်တော်တို့၏ အချုပ်အခြာအာဏာကိုချိုးဖောက်လိုက်သည်ဟု ဝန်ကြီးချုပ်က လွှတ်တော်အမတ်များကို ပြောကြားခဲ့သည်။

ဗြိတိသျှ ကိုလံဘီယာဆစ်ခ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ မိုနင်ဒါဆင်းဂျ် က အနည်းဆုံးတော့ ဒီလူသတ်မှု၏ နောက်ကွယ်မှာ တိုင်းတစ်ပါးလက်ချက်ပါဝင်နေသည်ဆိုပြီး ဝန်ကြီးချုပ်၏ ရပ်တည်မှုကို ကျေးဇူးတင်မိသည် ဟု ဘီဘီစီကို ပြောခဲ့သည်။

ကနေဒါအပါအဝင် ကမ္ဘာတဝန်းကဆစ်ခ်အဖွဲ့တချို့က ကနေဒါဝန်ကြီးချုပ်၏ထုတ်ဖော်ပြောဆိုချက်ကို ကြိုဆိုသည်ဟု ပြောကြားထား၍

လက်ရှိမှာ ကနေဒါက အိန္ဒိယနှင့် လွတ်လပ်စွာကုန်သွယ်ခွင့် သဘောတူစာချုပ် ချုပ်ရန် ဆွေးနွေးနေခြင်းကို ဆိုင်းငံ့ထားလိုက်ပြီး အိန္ဒိယအနေဖြင့် ကနေဒါ၏ လုပ်ရပ်သည် နိုင်ငံရေးအရ လွှမ်းမိုးရန်ကြိုးစားနေခြင်းဖြစ်သည်ဟု တုံ့ပြန်ပြောဆိုထားသည်။

စက်တင်ဘာလ ၂၂ ရက်နေ့မှာ ကနေဒါ၏စွပ်စွဲမှုကို အိန္ဒိယမှ နိုင်ငံခြားရေးဝန်ကြီးဌာနမှ လုံးဝပယ်ချထားသည်ဟု တုံ့ပြန်ခဲ့ပြီး အဓိပ္ပါယ်မဲ့သည့် နိုင်ငံရေးသွတ်သွင်းမှု လို့ ဖော်ပြထားသည်။

အိန္ဒိယက တရားဥပဒေစိုးမိုးရေးနှင့်ပတ်သက်ရင် ခိုင်မာသည့် ဒီမိုကရေစီနိုင်ငံပါဟု နိုင်ငံခြားရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်၌ ဆိုထားသည်။

အိန္ဒိယ၏ လုံခြုံရေးကို ခြိမ်းခြောက်နေသည့် ဆစ်ခ်ခါလစ်စတန်အကြမ်းဖက်သမားများနှင့် အစွန်းရောက်များကို ကနေဒါက အကာအကွယ်ပေးနေသည် ဟုအိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနကပြောထားပြီး အိန္ဒိယကို ဆန့်ကျင်သောသူများကို ထိရောက်စွာအရေးယူပေးရန် ကျွန်တော်တို့ ကနေဒါအစိုးရကိုတိုက်တွန်းလိုပါသည်ဟုလည်း ပြောကြားထားသည်။

ဟာဒစ်ဆင်းဂျ်နီဂျာသည် အိန္ဒိယနိုင်ငံ ပန်ဂျပ်ဒေသရှိ လွတ်လပ်သောဆစ်ခ် ခါလစ်စတန် နယ်မြေထူထောင်ရေး ကြိုးပမ်းမှုများအတွက် မဲဆွယ်စည်းရုံးနေသည့် Khalistan Tiger Force အဖွဲ့နှင့် ဆက်စပ်နေသည်ဟု စွပ်စွဲခံထားရပြီး ၎င်းအား ၂၀၂၂ ခုနှစ်တွင် အိန္ဒိယက အကြမ်းဖက်သမားအဖြစ် သတ်မှတ်ခဲ့သည်။

အသက် ၄၅ နှစ် အရွယ် ဟာဒစ်ဆင်းဂျ်နီဂျာ ကို မျက်နှာဖုံးစွပ်ထားသည့် သေနတ်သမားနှစ်ဦးက ဗန်ကူးဗားမြို့ အရှေ့ဘက်၊ ဆာရီရပ်ကွက်က ဂုရုနာနက်ခ် ဆစ်ခ်ဘုရားကျောင်းအပြင်ဘက်လူရှုပ်ထွေးနေသည့်ကားပါကင်ထဲက ၄င်း၏ ကားထဲတွင်ပင် ပစ်သတ်ခြင်းခံခဲ့ရသည်။

ပထမဆုံး ၄င်းသည် ရေပိုက်သမားအဖြစ် လုပ်ကိုင်ခဲ့ပြီး နောက်ပိုင်းတွင် ကနေဒါနိုင်ငံ British Columbia ပြည်နယ်၌ ထင်ရှားသော ဆစ်ခ်ခေါင်းဆောင် ဖြစ်လာခဲ့သည်။

၄င်းသည် အိန္ဒိယနိုင်ငံ Punjab’s Jalandharပြည်နယ်ရှိ Bharsinghpur ရွာတွင်မွေးဖွားခဲ့ပြီး ၁၉၉၇နှစ်တွင် ကနေဒါသို့ပြောင်းရွှေ့ခဲ့သည်။

လတ်တလော ကာလများအတွင်းမှာ မမျှော်လင့်ဘဲ သေဆုံးခဲ့သည့် ဆစ်ခ် ခေါင်းဆောင်များထဲမှ မစ္စတာနီဂျာသည် တတိယမြောက် အထင်ရှားဆုံးဆစ်ခ်ခေါင်းဆောင်ဖြစ်သည်။

ကနေဒါနိုင်ငံ ဗြိတိသျှကိုလံဘီယာ ပြည်နယ်မှာ မစ္စတာနီဂျာကို ဆစ်ခ်ဘာသာရေး ခေါင်းဆောင်အဖြစ် လူသိများထင်ရှားပြီး ၄င်းသည်အိန္ဒိယနိုင်ငံ၊ ပန်ဂျပ်ပြည်နယ်မှာ ဆစ်ခ်လူမျိုးများ၏ လွတ်လပ်သောဆစ်ခ်ခါလစ်စတန်နယ်မြေ ထူထောင်ရေး ကြိုးပမ်းခဲ့သူလည်း ဖြစ်သည်။

အိန္ဒိယအစိုးရကအကြမ်းဖက်သမားဟု သတ်မှတ်ထားသည့် ပါရမ်ဂျစ်ဆင်းဂျ်ပန်ဂါဝါ သည်လည်း ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ခရိုင် ၏ မြို့တော် လာဟိုးမှာ မေလတုန်းက ပစ်သတ်ခံခဲ့ရသည်။

ဆစ်ခ်ခါလစ်စတန်လွတ်မြောက်ရေးတပ်၏ အကြီးအကဲဟု ယူဆရသည့် အာဗာတာဆင်းဂျ်ခန်ဒါသည်လည်း ပြီးခဲ့သည့်ဇွန်လက ဘာမင်ဂမ်မှာ ကွယ်လွန်ခဲ့သည်။

⬛ ခါလစ်စတန်နယ်မြေ ထူထောင်ရေး ကြိုးပမ်းမှုများက အိန္ဒိယအစိုးရအတွက် ဘာကြောင့် ဆတ်ဆတ်ထိ မခံဖြစ်ရတာလဲ

၁၉၈၀ ခုနှစ် ဇွန်လအတွင်း အိန္ဒိယစစ်တပ်သည် ဆစ်ခ်လူမျိုးများအတွက် အမြင့်မြတ်ဆုံးနေရာဖြစ်သည့် Amritsar မြို့ရှိ Golden Templeဘုရားကျောင်းအတွင်း ဝင်ရောက်စီးနင်းပြီး ခိုလှုံနေသော ခွဲထွက်ရေးသမားများကို ဖယ်ရှားရှင်းလင်းခဲ့သည်။

လူထောင်ပေါင်းများစွာ သေဆုံးခဲ့စေခဲ့ပြီး အပျက်အစီးများစေခဲ့သော ထိုGolden Templeဘုရားကျောင်း ဝင်ရောက်စီးနင်းရန် အိန္ဒိယ ဝန်ကြီးချုပ် ဖြစ်သည့် Gandhi က အမိန့်ပေး ညွန့်ကြားခဲ့ခြင်းကြောင့် ဖြစ်သည်။

အဆိုပါ Golden Templeဘုရားကျောင်းကို ဝင်ရောက်စီးနင်းပြီး လအနည်းငယ်အကြာတွင် Gandhiကို ၄င်း၏ ဆစ်ခ်ကိုယ်ရံတော်နှစ်ဦးက သတ်ဖြတ်ခဲ့သည်။ အဆိုပါနှစ်ဦးသည် အိန္ဒိယနှင့်ဆစ်ခ်ကြား ရုန်းရင်းဆန်ခတ်နှင့် လူမျိုးရေးအကြမ်းဖက်မှုများကို ၄ ရက်အကြာ ဖြစ်ပွားအောင် ဦးဆောင်လုပ်ဆောင်ခဲ့သည့် ဆစ်ခ်ကိုယ်ရံတော်နှစ်ဦးဖြစ်သည်။

ထိုရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုကြောင့် သေဆုံးသူ အများစုမှာ ဆစ်ခ်လူမျိုးများဖြစ်သည်။ သေဆုံးသူ ၃၀၀၀ ဝန်းကျင်မှ ၁၇၀၀၀ အထိ ရှိခဲ့သည်ဟု ခန့်မှန်းထားခဲ့ကြသည်။

အဆိုပါ ဖြစ်စဥ်များကြောင့် ၁၉၈၄ ခုနှစ်များအတွင်း အိန္ဒိနှင့် ဆစ်ခ်ဘာသာဝင်များကြား အငြင်းပွားစရာများနှင့် တင်းမာမှုများ ကာလရှည်အကြာဖြစ်လာခဲ့သည်။

ဆစ်ခ်ခါလတ်စတန် နယ်မြေ ထူထောင်းရေကြိုးပမ်းမှုများကို လိုလားသည့် ဆစ်ခ်တက်ကြွလှုပ်ရှားသူများ၏ ဟိန္ဒူဘုရားကျောင်းများကိုလည်း အိန္ဒိက ဖျက်ဆီးခဲ့ဖူးသည်။

ဆစ်ခ် လူဦးရေ အများအပြားနေထိုင်သည့် ကနေဒါ၊ သြစတြေးလျ ၊ ယူကေ သုံးနိုင်ငံများက အိန္ဒိယအစိုးရကို ဖိအားများပိုပေးလာခြင်းမှာ အိန္ဒိယနှင့် ကနေဒါ တို့ကြား ဆက်ဆံရေးတင်းမာမှု ဖြစ်လာစေခဲ့သည်။

BBC သတင်းဌာနတွင် ဖော်ပြထားသည့် Khalistan: Why are some Sikhs calling for a separate homeland in India?

ဆောင်းပါးကို AB News က ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပါတီခေါင်းဆောင်တစ်ဦး သေဆုံးပြီးနောက် နိုင်ငံအတွင်း ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်တို့ကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားကာ ရဲအရာရှိ ၁၅ ဦးဒဏ်ရာရရှိခဲ့ပြီး ပြည်သူ တစ်ဦး သေဆုံး