သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဂရိကမ်းလွန်တွင် ရွှေ့ပြောင်းနေထိုင်သူများ လိုက်ပါလာသည့် စက်လှေတစ်စီး နစ်မြုပ်ခဲ့ပြီး လူ ၇၉ ရေနစ်သေဆုံး

ဂရိကမ်းလွန်တွင် ရွှေ့ပြောင်းနေထိုင်သူများ လိုက်ပါလာသည့် စက်လှေတစ်စီး နစ်မြုပ်ခဲ့ပြီး လူ ၇၉ ရေနစ်သေဆုံး

ABN -မေအိအိအောင်

ဇွန် ၁၅ ရက်

ဂရိနိုင်ငံ ကမ်းလွန်ပင်လယ်ပြင်တွင် ရွှေ့ပြောင်းနေထိုင်သူများ လိုက်ပါလာသည့် စက်လှေတစ်စီး နစ်မြုပ်ခဲ့ပြီး လူ ၇၉ သေဆုံးခဲ့ကြောင်းသိရသည်။

ရွှေ့ပြောင်းနေထိုင်သူများ လိုက်ပါလာသည့် အဆိုပါစက်လှေမှာ ယမန်နေ့ ဇွန်လ ၁၄ ရက်နေ့က လစ်ဗျားနိုင်ငံ Tobruk မြို့မှ အီတလီနိုင်ငံသို့ ဦးတည်သွားစဉ်နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းများတွင်ဖော်ပြသည်။

စက်လှေ တိမ်းမှောက်နစ်မြုပ်ရာတွင် ရွှေ့ပြောင်းနေထိုင်သူ အနည်းဆုံး ၇၉ ဦး သေဆုံးကြောင်းနှင့် နောက်ထပ် ပျောက်ဆုံးနေသူများရှိနိုင်ကြောင်း သိရသည်။

လစ်ဗျားနိုင်ငံမှထွက်ခွာလာသည့် ယင်းစက်လှေပေါ်တွင် လူပေါင်းမည်မျှပါသည်ကို အတိကျမသိရသော်လည်း ယမန်နေ့ နေ့လည်အထိ လူပေါင်း ၁၀၄ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း အာဏာပိုင်များကပြောသည်။

ရွှေ့ပြောင်းနေထိုင်သူများ လိုက်ပါလာသည့် စက်လှေတိမ်းမှောက်နစ်မြုပ်မှုအတွင်း သေဆုံးသူ အရေအတွက် မြင့်တက်လာမည်ကို စိုးရိမ်ပူပန်ကြောင်း အမည်မဖော်သူ သက်ဆိုင်ရာ ဝန်ကြီးဌာန အရာရှိတစ်ဦးက ပြောသည်။

ဂရိနိုင်ငံမှာ အရှေ့အလယ်ပိုင်း၊ အာရှနှင့် အာဖရိကမှ ဒုက္ခသည်များနှင့် ရွှေ့ပြောင်းနေထိုင်သူများ ဥရောပသို့ဝင်ရောက်ရာ အဓိက လမ်းကြောင်းတစ်ခုလည်း ဖြစ်သည်။

ယခုဖြစ်ရပ်မှာ ၂၀၂၃ ခုနှစ်အတွင်း ဂရိကမ်းလွန်တွင် ဖြစ်ပွားခဲ့သည့် လူသေဆုံးမှုအများဆုံး ရေယာဉ်နစ်မြုပ်မှုနှင့် ဥရောပတွင် အဆိုးဆုံး ရေယာဉ်နစ်မြုပ်သည့် ဘေးအန္တရာယ်ကျရောက်မှုများအနက် ပါဝင်သည်။

၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီလတွင် သစ်သားစက်လှေတစ်စီး အီတလီနိုင်ငံ ကာရေဘီယန်ကမ်းရိုးတန်းတွင် မုန်တိုင်းတိုက်ခတ်စဉ်အတွင်း ပျက်စီးနစ်မြုပ်ခဲ့ရာ လူ ၉၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် လက်ရှိအချိန်အထိ ဒုက္ခသည်နှင့် ရွှေ့ပြောင်းနေထိုင်သူ ၇၂,၀၀၀ ခန့် ဥရောပ၏ မြေထဲပင်လယ်နိုင်ငံများသို့ ရောက်ရှိလာခဲ့ကြကြောင်း ကုလသမဂ္ဂ အချက်အလက်များအရ သိရှိရပြီး အများစုမှာ အီတလီသို့ ရောက်ရှိလာခဲ့ကြပြီး ၆,၅၀၀ ခန့်က ဂရိသို့ ရောက်ရှိခဲ့ကြသည်။

ကုလသမဂ္ဂ အချက်အလက်များအရ ၂၀၂၃ ခုနှစ်အတွင်း မြေထဲပင်လယ်တွင် လူ ၁,၀၀၀ နီးပါး သေဆုံးခဲ့ သို့မဟုတ် ပျောက်ဆုံးခဲ့ကြောင်း ခန့်မှန်းထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ