Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
WFP မှ စားနပ်ရိက္ခာများ စတင်ဖြန့်ဝေ

WFP မှ စားနပ်ရိက္ခာများ စတင်ဖြန့်ဝေ

ABN – မေလ (၂၅)ရက်၊ ၂၀၂၃

ကမ္ဘာ့စားနပ်ရိက္ခာ ထောက်ပံ့ရေးအဖွဲ့ ၏ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မိုခါဆိုင်ကလုန်း တုန့်ပြန်ဆောင်ရွက်ရေး အခြေအနေ အစီရင်ခံစာမှ ကောက်နှုတ်ချက်

ရက်စွဲ – မေလ (၂၃)၊ ၂၀၂၃

ကမ္ဘာ့စားနပ်ရိက္ခာ ထောက်ပံ့ရေး အဖွဲ့၏ လုပ်ဆောင်ချက်

မြန်မာနိုင်ငံ

ကမ္ဘာ့စားနပ်ရိက္ခာ ထောက်ပံ့ရေး အဖွဲ့အနေဖြင့် ထောက်ပံ့ရေးကိစ္စများကို အရှိန်အဟုန်မြှင့်ဆက်လက် ဆောင်ရွက်လျက်ရှိပြီး ပုံမှန်အစားအသောက် ဖြန့်ဖြူးရေးနှင့် မိုခါမုန်တိုင်းသင့်ပြည်သူများအတွက် တုံ့ပြန်ဆောင်ရွက်ချက် တို့ ပေါင်းစပ်မှုမှတဆင့် ရခိုင်ပြည် အလယ်ပိုင်းနှင့် မြောက်ပိုင်းတို့မှ လူဦးရေ ၈၇,၀၀၀ အထိ ဖြန့်ဝေပြီး ဖြစ်ပါသည်။

– ရခိုင်ပြည် အလယ်ပိုင်းတွင် WFP သည် ပုံမှန်ကယ်ဆယ်ရေး အကူအညီ ပေးနေသော လူပေါင်း ၃၆,၇၀၀ အပြင် မုန်တိုင်းသင့် ပြည်သူ ၁၇,၀၀၀ တို့ထံကို အစားအသောက် ကူညီဖြန့်ဖြူးပြီးသည်။ ၄င်းတို့ထဲမှ ပြည်သူ အများစုမှာ မိုခါမုန်တိုင်းဒဏ်ကို ခံထားရသူများဖြစ်သည်။

– ရခိုင်ပြည် မြောက်ပိုင်းတွင် ပုံမှန် ကယ်ဆယ်ရေး အကူအညီပေးနေ လူဦးရေ ၁၀,၉၀၀ နှင့် မုန်တိုင်းသင့် ပြည်သူ ၂၂,၄၀၀ တို့ထံကို စားနပ်ရိက္ခာ ဖြန့်ဖြူးပြီး ဖြစ်ပါသည်။ မိုခါ တုန့်ပြန်ဆောင်ရွက်ချက်နှင့် ပုံမှန်အစားအသောက် ကူညီကယ်ဆယ်ရေး ကိစ္စရပ် နှစ်ခုစလုံးကို ဆက်လက် ဆောင်ရွက်လျက်ရှိပါသည်။

– မြန်မာနိုင်ငံတွင် လူပေါင်း ၃.၄ သန်းခန့်သည် ဆိုင်ကလုန်း မုန်တိုင်းအပြင်းထန်ဆုံးထိခိုက်ခဲ့သည့် ဒေသများတွင် နေထိုင်နေကြပြီး ၄င်းတို့အထဲမှ လူဦးရေ ၁.၆ သန်းခန့်အတွက်သာ မိုခါ တုံ့ပြန်ကူညီရေးအတွက် ဆောင်ရွက်ရန် ရည်ရွယ်ထားသည်။

WFP သည် မုန်တိုင်းဒဏ်ကို အဆိုးရွားဆုံးခံခဲ့ရသည့် နေရာများထဲမှ တစ်ခုဖြစ်သော စစ်တွေမြို့တွင် ဆန်တန်ချိန် (၅၀၀mt) ကို ယနေ့နှင့် မနက်ဖြန်တွင် ဖြန့်ဝေသွားမည်ဖြစ်သည်။ WFP အနေဖြင့် တခြားသော ပစ္စည်းများကိုလည်း ရခိုင်ပြည် အလယ်ပိုင်းသို့ ရွေ့ပြောင်းရန် လုပ်ဆောင်နေပြီး ပြည်သူတစ်ချို့ထံသို့ လှူဒါန်းငွေ ပေးအပ်ရန် အခြေအနေလည်း ရှိနေပါသည်။

ကူညီကယ်ဆယ်ရေး ပစ္စည်းပေါင်း ၁၄၂ တန်တင်ဆောင်လာသော ထရပ်ကား ၁၅ စီးမှာ မေလ ၂၃ ရက်နေ့က စစ်တွေမြို့ကို ရန်ကုန်မှ တစ်ဆင့် ရောက်ရှိခဲ့ပြီး နောက်ထပ် ဆန်တန်ချိန်ပေါင်း ၂၀၀ တင်ဆောင်လာသော ထရပ်ကား ၁၀ စီးမှာ ခရီးလမ်းတွင် အသင့် ရှိနေပြီဖြစ်သည်။ WFP သည် နောက်ထပ် ဆန်တန်ချိန် ၂၀၀၀ ကို ရန်ကုန်မှတဆင့် စစ်တွေကို ဖြစ်နိုင်သမျှ အမြန်ဆုံး ရွေ့ပြောင်းရန် ခွင့်ပြုမိန့်တောင်းခံထားပြီးဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ