Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
UNDP က မုန်တိုင်းသင့် လယ်သမားများနှင့် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူများကို လုပ်ငန်းသုံးပစ္စည်းများသ ထောက်ပံ့မည်ဟုဆို

ABN-နွယ်စိုး

ဇွန် ၉ ရက်

ရခိုင်ပြည်အတွင်း မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးသွားသည့် လယ်သမားများနှင့် ငါးဖမ်းသမားများကို UNDP မှ လိုအပ်သည့် လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးသွားမည် ဟု သိရသည်။

အဆိုပါ လယ်သများအတွက် မျိုးစပါး၊ ဓာတ်မြေသြဇာများ ပေးမည်ဖြစ်ပြီး ငါးဖမ်းသမားများအနေဖြင့် ဂဏန်းမြုံ၊ စက်လှေ၊ ငါးဖမ်းပိုက်တို့ကို လာမည့် ရက်သတ္တပတ်များမှာ ထောက်ပံ့ပေးသွားမည်ဟု UNDPက ဇွန်လ ၇ ရက်နေ့က ထုတ်ပြန်လိုက်သည်ကို တွေ့ရသည်။

ထိုပံ့ပိုးမှုသည် ရခိုင်ပြည်နယ်တစ်ဝှမ်းရှိ လူအများအပြားအတွက် စားနပ်ရိက္ခာဖူလုံမှုကို တိုးတက်စေမည်ဖြစ်ကြောင်း UNDP၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် မုန်တိုင်းသင့်ပြည်သူ ၃၅,၀၀၀ ကျော်အား မိုးရာသီမတိုင်မီ အသီးအနှံစိုက်ပျိုးနိုင်ရန် အတွက် UNDPမှ မျိုးစေ့မျိုးစုံ ဖြန့်ဖြူးပေးလျက် ရှိနေကြောင်း သိရသည်။

ထို့အပြင် ရခိုင်ပြည်အတွင်း အသက်မွေးဝမ်းကျောင်းအဖြစ် လုပ်ဆောင်နေသော လက်သမားများမှာ မိုခါဆိုင်ကလုန်မုန်တိုင်းကြောင့် မျိုးစပါးများ ပျက်စီးဆုံးရှုံပြီး ငါးဖမ်းသမားများတွင်စက်လှေများ နစ်မြုပ်ပျက်စီးသွားကာ ၄င်းတို့၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပျက်သုန်းခဲ့ရသည်။

ထိုကြောင့် ရခိုင်ပြည်၏ အဓိက ပင်မအသက်မွေးဝမ်းကျောင်းဖြစ်သည့် လယ်ယာလုပ်ငန်းနှင့် ပင်လယ်ငါးဖမ်းလုပ်ငန်းကြီး ထိခိုက်သွားကာ ရေရှည်မှာ ပြည်တွင်း စားနပ်ရိက္ခာဖူလုံရေးများ ဆိုးရွားလာနိုင်ကြောင်း UNDP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိမှာ ရခိုင်ပြည်အတွင်းမှ ဖျက်အားပြင် ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့်ပြည်သူများကို ကူညီကယ်ဆယ်ရေးပေးနေကြသည့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပြည်တွင်းပြည်ပ အရပ်ဖက်အဖွဲ့အစည်းများကို ရခိုင်ပြည်အတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီကယ်ဆယ်ရေး‌ပေးရန် သွားလာခွင့်နှင့် ကူညီခွင့်များကို အကြမ်းဖက်စစ်ကောင်စီက ပိတ်ပင်တားဆီးလိုက်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ