Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ULA/ AA သည် ရခိုင်တစ်ပြည်လုံး လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေခြင်းဖြစ်ကြောင်း ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခမှ ပြောကြား

ရက္ခိုင့်တပ်တော်သည် ရခိုင်ပြည်တွင်း၌ လွတ်မြောက်နယ်မြေ တစ်နေရာအတွက် တိုက်ပွဲဝင်နေခြင်းမဟုတ်ဘဲ ရခိုင်တစ်ပြည်လုံး လွတ်မြောက်ရေးအတွက် တော်လှန်ရေးလုပ်နေခြင်းဖြစ်ကြောင်း ရက္ခိုင့်တပ်တော် ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခမှ ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ULA/AA အနေနဲ့ နယ်မြေအကွက်လေးတစ်ကွက်အတွက်၊ အစိတ်အပိုင်းလေးတစ်ခုအတွက် တိုက်ပွဲဝင်နေတာမဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ ရခိုင်တစ်ပြည်လုံး လွတ်မြောက်ဖို့အတွက် တိုက်ပွဲဝင်နေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် ရက္ခိုင့်တပ်တော်သည် ရခိုင်ပြည် တစ်ပြည်နယ်လုံးရှိ မြို့နယ်အများစုတွင် တရားစီရင်ရေးနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိပြီး ရက္ခိုင့်တပ်တော်၏ တပ်ခွဲ တပ်စုများကိုလည်း တပ်ဖြန့်ချထားပြီးဖြစ်သည်ကို လေ့လာသိရှိရသည်။

၎င်းအပြင် ရက္ခိုင့်တပ်တော်သည် မြန်မာတပ်မတော် (စစ်ကောင်စီ) နှင့် ရခိုင်ပြည်တွင်းတွင် ၂၀၁၆ ခုနှစ်မှစတင်ကာ တိုက်ပွဲများ စတင်တိုက်ခိုက်လာခဲ့ပြီး ၂၀၁၈-၂၀၂၀ ခုနှစ်များတွင် နှစ်ဖက်တိုက်ပွဲများ ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ကာ ရက္ခိုင့်တပ်တော်မနေဖြင့် နေရာပိုင်စိုးမှု ရခိုင်ပြည်အနှံ့တွင် ပိုင်ဆိုင်ခဲ့သည်ကိုလည်း လေ့လာသိရှိရသည်။

” အပြန်အလှန်တိုက်ခိုက်နေတုန်းဆိုတော့ တစ်ချို့လုပ်ထားတဲ့ အစီအစဥ်တွေကို လုံခြုံရေးအရ အခုအချိန်ပြောလိုမရသေးဘူး ။ တစ်ခုခုလုပ်တဲ့အခါလည်း အနှောက်အယှက်တွေက ပေါ်လာနိုင်ပါတယ်။ အဲ့ဒါကြောင့် ကျွန်တော်တိုထိန်းချုပ်နယ်မြေ ဘယ်နေရာမှာပဲဖြစ်ဖြစ် အစိုးရဆိုတဲ့အခါတော့ ပြည်သူတွေရဲ့ တာဝန်ကိုထမ်းဆောင်ရတာဖြစ်တယ်။ ပြည်သူ့ရေးရာတွေကို စီမံခန့်ခွဲရတာဖြစ်တယ်” ဟု ပြန်ကြားရေးတာဝန်ခံမှ ပြောကြားသည်။

ရက္ခိုင့်တပ်တော်/ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်သည် လက်ရှိအချိန်၌ ရက္ခိုင့်ပြည်သူ့အစိုးရဟု သုံးနှုန်းနေပြီး တရားစီရင်ရေးတွင်လည်း အမှုစုစုပေါင်း ၉၀၀၀ ကျော်ကို လက်ခံရရှိထားပြီး ၎င်းအထဲမှ အမှု ၅၀၀၀ ကျော်ကို ဖြေရှင်းပြီးပြီဖြစ်ကြောင်း ယနေ့ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးခိုင်သုခမှ ပြောကြားခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ