Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ULA/AAအုပ်ချုပ်မှု အားနည်းသော ဒေသများတွင် ရာဇဝတ် ဖြစ်ပွားမှု များနေသည်ဟု AAပြော

ULA/AAအုပ်ချုပ်မှု အားနည်းသော ဒေသများတွင် ရာဇဝတ် ဖြစ်ပွားမှု များနေသည်ဟု AAပြော

ABN-ရှိုင်းမိုး

ရခိုင်တွင် လူသတ်မှု၊ ခိုးမှု၊ လုယက်မှု၊ ဓားမြမှု စသည့်မူခင်းများသည် ULA/AA အုပ်ချုပ်မှုအားနည်းသော မြို့များတွင် ဖြစ်ပွားနေသည်ဟု ULA/AA၏ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ယနေ့ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ရခိုင်တွင် ၂၀၂၃ ဇန်နဝါရီလ ၁ရက်နေ့မှ ဖေဖော်ဝါရီလ ၂၇ရက်နေ့ထိ မူခင်းစုစုပေါင်း ၁၇ ခုဖြစ်ပွားခဲ့သည်ကို ABNမှ စုံးစမ်းချက်အရ သိရသည်။

မူခင်းဖြစ်ပွားအများဆုံးဖြစ်ပွားသောမြို့များမှာလည်း ULA/AA ထိန်းချုပ်မှုအားနည်းသောမြို့များဖြစ်နေသည်ကိုတွေ့ရသည်။ စစ်တွေ၊ တောင်ကုတ်မြို့တို့တွင် မှုခင်းများ ဆက်တိုက်ဖြစ်ပွားသည်ကိုတွေ့ရသည်။ မူခင်များ ဖြစ်ပွားသော်လည်း ကျူးလွန်သူအား ဖမ်းဆီးရမိခြင်း မရှိသည်ကိုလည်း သိရသည်။

ULA/AA ၏ အုပ်ချုပ်မှုသည်လဘ်း အချို့နေရာများတွင် အားနည်းနေပြီး ထိုအားနည်းချက်များ ရှိနေဆသာနေရာများတွင် ထိထိရောက်ရောက် အုပ်ချုပ်မှုပြုလုပ်နိုင်ရန် ဆက်လက်ကြိုးစားနေသည်ဟု ပြောကြားခဲ့သည်။

“ ကျွန်တော်အနေနဲ့ အဲဒီအားနည်းနေတဲ့ နေရာတွေမှာ ထိရောက်မှုရှိရှိ အုပ်ချုပ်နိုင်အောင် ဆက်လက်ကြိုးစားလို့ရှိနေပါတယ်၊ တောင်ကုတ်၊ သံတွဲ၊ အမ်း၊ စစ်တွေ အဲဒီမြို့နယ်တွေတချို့မှာ အရင်ထက်ပိုပြီးသက်ရောက်မှုရှိအောင် လုပ်ဆောင်နေကြပါတယ်၊ အခုရက်ပိုင်း တောင်ကုတ်၊ စစ်တွေ မြို့တွေမှာ ရာဇတ်မှုများပိုများလာနေတာကိုလည်း တွေ့နေရပါတယ်” ဟု ဦးခိုင်သုခမှ ပြောကြားခဲ့သည်။

မူခင်း ၁၇ခုထဲတွင် စစ်တွေမြို့တွင် ၅ခု၊ တောင်ကုတ်တွင် ၄ခု၊ မြေပုံတွင် ၂ခု၊ ပေါက်တောတွင် ၂ခု၊ မင်းပြားတွင် ၂ခု၊ ပုဏ္ဏားကျွန်းတွင် ၁ခု၊ ဘူးသီးတောင်တွင် ၁ခု တို့ရှိခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ