Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ULA၏ အရေးပေါ်ကူညီထောက်ပံ့ရေးနှင့် ပြန်လည်နေရာချထားရေး စင်တာများမှ ပုဏ္ဏားကျွန်းမြို့နယ်တွင် အမိုးအကာနှင့်ဆန် ကူညီထောက်ပံ့

ABN-ရာဟု

ဇွန် ၂၃ ရက်

ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် ဖျက်အားပြင်း မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် အကူအညီလိုအပ်နေသည့် ပုဏ္ဏားကျွန်းမြို့နယ်မှ ပြည်သူများကို အမိုးအကာအတွက် တာပေါ်လင်နှင့် ဆန်ရိက္ခာများ ကူညီထောက်ပံ့ခဲ့ကြောင်း အာရက္ခအရေးပေါ်ကူညီထောက်ပံ့ရေးနှင့် ပြန်လည်နေရာချထားရေး စင်တာများမှ ကူညီထောက်ပံ့ပေးခဲ့ကြောင်း ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်လာခဲ့သည်။

အာရက္ခပြည်သူ့ အစိုးရက မုန်တိုင်းဒဏ်သင့် ပြည်သူများ အမှန်တကယ်လိုအပ်နေသည့် ဆန်နှင့် တာပေါ်လင်များကို မြို့နယ်တိုင်းတွင် ကူညီထောက်ပံ့ပေးနေသလို၊ ပျက်စီးသွားသည့် ပြည်သူများ၏ နေအိမ်များ ပြန်လည်ပြုပြင်တည်ဆောက်ရေးနှင့် တခြားလိုအပ်သည့် နေရာများတွင်လည်း ရက္ခိုင့်တပ်တော် ULA/AAတပ်သားများက ပြည်သူများနှင့်အတူပူးပေါင်းပါဝင်ကာ လုပ်ဆောင်ပေးလျှက်ရှိနေသည်ဟု အာရက္ခ အရေးပေါ်ကူညီထောက်ပံ့ရေး စင်တာမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကျနော်တို့က မုန်တိုင်းသင့်ပြည်သူတွေ လိုအပ်တဲ့ ဆန်နှင့် တာပေါ်လင်တွေကို မြို့နယ်တိုင်းကို လိုက်ကူညီနေတာ၊ ပြည်သူ နေအိမ်တွေ ပြန်တည်ဆောက်တာ၊ ရေကန်တွေ ပြုပြင်တာ၊ သစ်ပင်တွေ ခုတ်ဖြတ်ပြီး လမ်းတွေရှင်းတာနဲ့ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်တာတွေကို ULA/AAတပ်တော်သားတွေနဲ့ ဆက်တိုက်လုပ်ဆောင်နေပါတယ်” ဟု အာရက္ခအရေးပေါ်ကူညီထောက်ပံ့ရေး စင်တာမှ တာဝန်ရှိသူတစ်ဦးက ABN သို့ပြောဆိုသည်။

အာရက္ခပြည်တွင်း မုန်တိုင်းဒဏ်​ကြောင့် နေအိမ် ၂၁၆၀၀၀ကျော် ပျက်ဆီးသွားပြီး ပြည်သူ၁သန်းကျော် ဒုက္ခရောက်ကာ လက်ရှိအချိန်တစ်လကျော်ကြာလာသည်အထိ ပြန်လည်ပြုပြင်တည်ဆောက်ရေးတို့အတွက် နိုင်ငံတကာအလှူငွေနှင့် ထောက်ပံ့မှုများစွာလိုအပ်နေရာ ပြည်သူများ အခက်အခဲ့များနှင့် ရင်ဆိုင်နေကြရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ