ယနေ့သည့် ရက္ခိုင့်တပ်တော် တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ၄၄ နှစ်ပြည့်သည့် မွေးနေ့ဖြစ်သည်။
ရက္ခိုင့်တပ်တော် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ၄၄ နှစ်ပြည့်မွေးနေ့ဆုတောင်းအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဌာနမှ အောက်ပါအတိုင်း ဆုတောင်းထားသည်ကိုတွေ့ရသည်။
” ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်သည့် ရက္ခိုင့်တပ်တော် (AA)၊ တပ်မှူးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ (၄၄)နှစ်ပြည့် မွေးနေ့မှပြီး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းရှိပါစေကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ဆုမွန်ကောင်းတောင်းအပ်ပါသည်။” ဟု ပေးပို့အပ်သော ပို့စ်ကတ်တွင်ပါရှိသည်။
ထို့အတူ တော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) မှလည်း ဗိုလ်ချုပ်၏ ၄၄ နှစ်ပြည့်မွေးနေ့သို့ သဝဏ်လွှာပို့၍ မွေးနေ့ဆုတောင်းထားသည်ကိုတွေ့ရသည်။

