Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
MOCHA မိုခါ မုန်တိုင်း အလွန့်အလွန်အားကောင်းလာပြီး၊ စစ်တွေမြို့၏ ရေမိုင် ၃၅၀ အကွာသို့ရောက်ရှိနေ

ABN-ရှိုင်းမိုး

လက်ရှိ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်းသည် အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Extremely Severe Cyclonic Storm) အဖြစ်သို့ရောက်ရှိနေပြီဖြစ်ကြောင်း မိုးဇလက ယနေ့ညမနက်က ထုတ်ပြန်ထားသည်။

လက်ရှိတွင် အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် ရခိုင်ပြည် စစ်တွေမြို့နှင့် ရေမိုင် ၃၅၀ခန့်ကိုရောက်ရှိနေသည်ဟု သိရသည်။

ယနေ့ နံနက် ၅နရီခွဲချိန်တွင် MOCHA ဆိုင်ကလုန်း မုန်တိုင်းသည် ကိုကိုးကျွန်းမြို့၏ အနောက်-အနောက်မြောက်ဘက် ရေမိုင်(၂၆၀)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင်(၃၀၅)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပို့ပလဲယား)၏ မြောက်- အနောက်မြောက်ဘက်ရေမိုင်(၃၁၅)မိုင်ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၃၈၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။

အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Extremely Severe Cyclonic Storm)“မိုခါ (MOCHA)”မုန်တိုင်းဝင်ရောက်ရှိတွင် တစ်ပြည်လုံးတွင် မိုးတိမ်တောင်များ ဖြစ်ထွန်းမှုဖြစ်ခြင်း၊ မိုးရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သည်။

ဆိုင်ကလုန်းမုန်တိုင်းတိုက်ချိန်တွင် တစ်နာရီကို ၁၁၀နှုန်းတိုက်ခိုက်နိုင်သည်ဟု သိရသည်။ လက်ရှိတွင် ရခိုင်ပြည်အတွင်းမှ ဒေသခံ ၅၀၀၀၀ သောင်းကျော် ကုန်မြင့်နေရာဒေသသို့ပြောင်းရွှေ့နေကြသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ