Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
LWF စစ်တွေရုံးခွဲမှ ဝန်ထမ်းများ လုပ်ခလစာဖြတ်ခံနေရ၍ အသံတိတ်ဆန္ဒပြခဲ့ကြသည့် ဝန်ထမ်း ၈၀ အလုပ်က ထုတ်ပယ်ခံထားရ

ABN-ဟိန်းထွန်း

စက်တင်ဘာ ၇ ရက်

LWF စစ်တွေ ရုံးခွဲမှ ဝန်ထမ်း ၈၀ သည် လစာများဖြတ်တောက်ခံနေရသည့်အပြင် အလုပ်ပါထုတ်ပယ်ခံလိုက်ရကာ ၎င်းတို့၏လစာများကို တရားဝင်ဖြေရှင်းပေးရန်တောင်းဆိုနေကြောင်းသိရသည်။

The Lutheran World Federation အဖွဲ့အစည်းသည် လူသားချင်းစာနာထောက်ထားမှုအကူအညီပေးသည့်အပြင် တခြား လူမှုရေးနယ်ပယ် ကဏ္ဍပေါင်းစုံတွင် အဖက်ဖက်မှထောက်ပံ့ကူညီနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

LWF ကို ၁၉၄၇ ခုနှစ်တွင် ဆွီဒင်နိုင်ငံ Lund တွင် စတင်တည်ထောင်ခဲ့ပြီး ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် ရုံးစိုက်ကာ ၂၀၁၃ ခုနှစ်တွင် ရခိုင်ပြည်သို့ စတင်ဝင်ရောက်၍ လုပ်ကိုင်ခဲ့ကြောင်းသိရသည်။

LWF Myanmar အမှုဆောင်များသည် ဝန်ထမ်းများ၏လစာငွေများကို ( Euro Currency Rate) နှုန်းထားအတိုင်း ပေးဆောင်ခြင်းမရှိပဲ စျေးသက်သာသည့် မြန်မာငွေကျပ်နှုန်းဖြင့် ပြောင်းလဲ၍ ပေးဆောင်နေခြင်းကို Euro ၏ သတ်မှန်စျေးနှုန်းအတိုင်းပေးစေလို ကြောင်း အမည်မဖော်လိုသည့် LWFဝန်ထမ်းတစ်ဦးက ABN သို့ အတည်ပြုပြောသည်။

“၂၀၂၂ အစပိုင်းလောက် မှာ Euro နဲ့စပြီးပေးပါတယ်၊ ဧရာဝတီဘဏ်နဲ့ ရိုးမဘဏ်တွေမှာ နေ့စဥ်နေ့တိုင်းနိုင်ငံခြားဝင်ငွေလဲလှယ်နှုန်းနဲ့ပေးနေတဲ့ ငွေနဲ့ပေးဖို့ တောင်းဆိုပါတယ်၊ တောင်းဆိုပေမယ့်လည်း သူတို့က အကြိမ်ကြိမ်အခါအခါ ပယ်ချပါတယ်” ဟု ဆိုသည်။

LWF အမှုဆောင်စီမံခန့်ခွဲရေးပုဂ္ဂိုလ်များမှာ အဆိုပါဘဏ်များ၏ ငွေလဲလှယ်နှုန်းအတိုင်း Organization Bank Account မှ ခေါင်းပုံဖြတ် အမြတ်ထုတ် ဂုတ်သွေးစုပ်နေကြနေကြပြီး ဝန်ထမ်း များကိုမူ ဗဟိုဘဏ်မှသတ်မှတ်ထားသည့် ငွေလဲလှယ်နှုန်းထားဖြင့် ပေးနေကြောင်း အလုပ်မှ ထုတ်ပယ်ခံထားရသည့် နောက်ထပ် ဝန်ထမ်းတစ်ဦးက ပြောသည်။

ယခုလိုတောင်ဆိုရခြင်းသည် ကုန်စျေးနူန်းများတက်နေခြင်းကြောင့် စားဝတ်နေရေးအဆင်ပြေစေရန်အတွက် သတ်မှတ်ထားသည့် စျေးနှုန်းအတိုင်း ပေးစေချင်ကြောင်း ဆက်ပြောသည်။

အကြိမ်ကြိမ်အခါအခါတောင်းဆို၍ မရသောကြောင့် စစ်တွေ၊ ရန်ကုန်၊ အမ်း၊ ကရင် ရှိ LWF ရုံးခွဲများမှ ဝန်ထမ်းများသည် သြဂုတ်လ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့ထိအသံတိတ်ဆန္ဒပြမှု ( Silent Strike) ပြုလုပ်ခဲ့သော်လည်း တာဝန်ရှိပုဂ္ဂိုလ်များက ရေငုံနူတ်ပိတ်နေခဲ့ကြကြောင်းသိရသည်။

သြဂုတ်လ ၂၂ ရက် မှ စက်တင်ဘာ ၁ ရက်နေ့ထိ ဒုတိယအကြိမ်ထိ ၂ကြိမ်တိုင်တိုင်တိုင် ဆန္ဒထုတ်ဖော်ရန်ဆုံးဖြတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၄ ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့ကြသည့် စစ်တွေရုံးခွဲမှ ဝန်ထမ်း ၈၀ဦးကို အလုပ်တာဝန်မှ ရပ်စဲကြောင်း LWF Executive Management က Mail မှတစ်ဆင့် စက်တင်ဘာလ ၄ ရက်နေ့က ပို့ခဲ့ကြောင်း နောက်ထပ် ဝန်ထမ်း တစ်ဦးက ပြောသည်။

“ဝန်ထမ်းတွေကိုတာဝန်က ရပ်စဲလိုက်ပြီဆိုတဲ့ Mail တစ်စောင်ကို လက်ခံရရှိပါတယ်၊ အဲဒီစာမှာ Logo, လက်မှတ်တွေ၊ မြန်မာနိုင်ငံကိုယ်စားပြုလက်မှတ်တွေလည်းမပါဘူး၊ တစ်ချို့သူတွေဆိုရင်နာမည်နဲ့ ရာထူး လွဲနေတာတွေ ပါတယ်၊ အမှန်ဆိုရင် အဖွဲ့အစည်းရဲ့ မူဝါဒမှာ ယခုလိုရပ်စဲပိုင်ခွင့်မရှိပါဘူး၊ တစ်စုံတစ်ခုချိုးဖောက်ရင်တောင် Warning ပေးရမှာပါ၊ ပြီးတော့ ဝန်ထမ်းတွေရပ်စဲမယ်ဆိုရင် တစ်လလောက်က ကြိုတင်အကြောင်းကြားထားရမှာ ဖြစ်ပါတယ် ” ဟုဆိုသည်။

LWF တာဝန်ရှိပုဂ္ဂိုလ်များသည် ကျင့်သုံးနေသည့် ဥပဒေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ရာဖြစ်ပြီး အာဏာ ပါဝါပြ ဖိနှိပ်ချုပ်ကိုင်ထားကြောင်း ဝန်ထမ်းများက ပြောသည်။

အလုပ်ရပ်စဲခံရသူများထဲတွင် စားဝတ်နေရေးအဆင်မပြေသည့် ကိုယ်ဝန်ဆောင် မိခင်တစ်ချို့ပါရှိသည်ဟုသိရသည်။

ငွေကြေးလဲလှယ်နှုန်းထားကို တရားဝင်ဖြေရှင်းပေးရန်တောင်းဆိုနေကြပြီး၊ တရားဝင်အသိအမှတ်ပြုလုပ်ပေးစေချင်ကြောင်း LWF စစ်တွေရုံးခွဲ ဝန်ထမ်းများထံမှသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ