Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
DMG သတင်းထောက် ၁ ဦးနှင့် ညစောင့်တစ်ဦးအားရုံးထုတ် ၊ ချုပ်ရမန်ထပ်ယူထားကြောင်း မိသားစုဝင်များပြော

DMG သတင်းထောက် ၁ ဦးနှင့် ညစောင့်တစ်ဦးအားရုံးထုတ် ၊ ချုပ်ရမန်ထပ်ယူထားကြောင်း မိသားစုဝင်များပြော

AB News – နိုဝင်ဘာ ၁၄၊ ၂၀၂၃

စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် DMG သတင်းထောက် ကိုထက်အောင် နှင့် ညစောင့် ကိုစိုးဝင်းအောင်တို့ကို ယမန်နေ့ နိုဝင်ဘာလ ၁၃ ရက်နေ့ နေ့လည် ၂ နာရီကျော်တွင် ရုံးထုတ်ခဲ့ပြီး ချုပ်ရမန်ထပ်ယူထားကြောင်း မိသားစုဝင်များထံမှသိရသည်။

၎င်းကို စစ်တွေမြို့ အမှတ် ၁ ရဲစခန်းမှထုတ်ပြီး မြို့နယ်တရားရုံးသို့ပို့ကာ တရားသူကြီးမှ ၎င်းအားမည်သည့်ကိစ္စကြောင့်ဖမ်းဆီးခံရသလဲဟု မေးမြန်းခဲ့ကြောင်း မိသားစုဝင်တစ်ဦးက AB News သို့ပြောသည်။

“သူ့ကိုမနေ့ကရုံးထုတ်ပါတယ်၊ တရားသူကြီးက ဘာလို့အဖမ်းခံရတာလဲလို့မေးပါတယ်၊ သူကလည်း ဆွမ်းတော်ကြီးလောင်းပွဲမှာဓာတ်ပုံရိုက်လို့အဖမ်းခံရတာ “ဟု ဆိုသည်။

ယင်းနောက် နောက်ထပ်စစ်ဆေးမေးမြန်းခြင်း မရှိဘဲ နိုဝင်ဘာလ ၂၄ ရက်နေ့အထိချုပ်ရမန်ပေးလိုက်ကြောင်း သိရသည်။

မိသားစုဝင်များသည် ကိုထက်အောင်နှင့် တွေ့ခွင့်ရသည့်အတွက် စိတ်သက်သာရာ ရကြောင်း ၎င်းတို့ပြောပြချက်အရသိရသည်။

၎င်းတို့ ၂ ဦးအား စစ်ကောင်စီမှ ဆက်သွယ်ရေးပုဒ်မ ၆၅ ဖြင့်အမှုဖွင့်ထားကြောင်း စုံစမ်းသိရှိရသည်။

လက်ရှိတွင် သတင်းထောက် ကိုထက်အောင် နှင့် ညစောင့် ကိုစိုးဝင်းအောင်ဦးတို့သည် ကျန်းမာရေးကောင်းမွန်ကြောင်းလည်း သိရှိရသည်။

၎င်းကို အောက်တိုဘာလ ၂၉ ရက်နေ့ ၁၂ ရီကျော်ခန့်က စစ်တွေမြို့ ဝင်္ကဘာကွင်း၌သတင်းယူနေစဥ် စစ်ကောင်စီ၏ ဖမ်းဆီးခြင်း ခံခဲ့ရသည်။

DMG သတင်းဌာနသို့သွား၍ ညစောင့်တစ်ဦးအားထပ်မံဖမ်းဆီးပြီး ရုံးပိုင်ပစ္စည်းတစ်ချို့ကို သိမ်းသွားခဲ့သည့်အပြင် သတင်းဌာကိုလည်း ချိတ်ပိတ်ထားခဲ့သည်။

စစ်ကောင်စီသည် ရခိုင်ပြည်ရှိသတင်းဌာနများအားချိတ်ပိတ်ခြင်း၊ သတင်းသမားများကို လိုက်လံရှာဖွေခြင်းများပြုလုပ်ကာ ပြည်သူများကို သတင်းအမှောင်ချရန်ကြိုးစားခြင်းဖြစ်သည်။

စစ်တွေမြို့ရှိ အရပ်ဖက်အဖွဲ့အစည်းများကို စုံစမ်း စစ်ဆေးခြင်းများ ပြုလုပ်ကြောင်း သိရသည်။

ထို့အပြင် ရခိုင်အခြေစိုက် ရခိုင်သတင်းမီဒီယာ တစ်ခုဖြစ်သည့် Arakan Bay News သတင်းဌာန၏ အယ်ဒီတာချုပ်ကိုလည်း စစ်ကောင်စီအဖွဲ့က လိုက်လံရှာဖွေနေကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းတုများဖန်တီးရေးသားနေသည့် Facebook Page နှင့် Telegram ချန်နယ်များတွင် ရေးသားထားသည်ကို တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ