Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
DMG သတင်းဌာနကို စစ်ကောင်စီဝင်စီး ၊ သတင်းထောက် တစ်ယောက်နှင့် အစောင့်တစ်ယောက် ဖမ်းဆီးခံရ

DMG သတင်းဌာနကို စစ်ကောင်စီဝင်စီး ၊ သတင်းထောက် တစ်ယောက်နှင့် အစောင့်တစ်ယောက် ဖမ်းဆီးခံရ

AB News – ဟိန်းထွန်း

အောက်တိုဘာ ၂၉ ရက်

ရခိုင်ပြည်၊ စစ်တွေမြို့အခြေစိုက် DMG သတင်းဌာနကို စစ်ကောင်စီဝင်စီး၍ သတင်းထောက် တစ်ဦးနှင့် အစောင့် ၁ ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့နေလည် ၁၂ ရီကျော်ခန့်က DMG သတင်းဌာနမှ သတင်းထောက် ကိုထက်အောင်သည် စစ်တွေမြို့ ဝင်ကဘာကွင်း၌ သတင်းယူနေစဥ် စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။

စစ်ကောင်စီက သတင်းထောက်ကိုခေါ်ပြီး DMG သတင်းဌာနသို့သွား၍ ရုံးပိုင်ပစ္စည်းတစ်ချို့ကို သိမ်းသွားကြောင်းသည့်အပြင် ညစောင့်တစ်ဦးပါ ခေါ်သွားကြောင်း DMG သတင်းဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကိုဇော်က AB News သို့ပြောသည်။

” သတင်းသမားက သတင်းယူနေတဲ့အခါ ရဲတွေကဖမ်းတယ်၊ သူ့ကိုရုံးခေါ်လာပြီးတော့ ဝင်စီးတယ်၊ ပစ္စည်းတစ်ချို့ယူ သွားပါတယ်၊ ညစောင့် တစ်ဦးကိုလည်း ဖမ်းသွားတယ် “ဟု ဆိုသည်။

စစ်ကောင်စီက Development Media group မှညစောင့်တာဝန်ယူထားသည့် ကိုစိုးဝင်းအောင်ကိုလည်း ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အဖမ်းခံထားရသည့် သတင်းထောက်နေအိမ်သို့သွားပြီး ကွန်ပျူတာအပါအဝင် ကင်မရာ တစ်ချို့သိမ်းယူသွားကြောင်း သိရသည်။

DMD သတင်းဌာနအတွင်းမှလည်း ကွန်ပျူတာ တစ်ချို့နှင့် ကင်မရာတစ်ချို့ကို စစ်ကောင်စီက သိမ်းယူသွားခဲ့ကြောင်း ကိုဇော်က ပြောသည်။

သတင်းထောက် ၁ ဦးနှင့် ညစောင့်တစ်ဦးကို စစ်တွေမြို့ အမှတ်၁ မြို့မရဲစခန်းသို့ ခေါ်သွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီက မည်သည့်ကိစ္စကြောင့် ဝင်ရောက်စီးနင်းသည်ကိုကား တိတိကျကျ မသိရှိရသည့်အပြင် အသေးစိတ်သိရှိနိုင်ရန် AB News က ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

ထို့အပြင် (DMG)သတင်းဌာနမှ ဒုတာဝန်ခံ အယ်ဒီတာ ကိုနေဝင်းစံနှင့် သတင်းထောက် မနှင်းနွယ်မှာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့က ကျောက်တော်မြို့နယ် မာလာကျေးရွာတွင် ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ပွားခဲ့ရာ ၎င်းရွာမှရွာသားများ စစ်ဘေးရှောင်နေချိန်၌ စကစ မှ စပါးတောင်း ၇၀၀ ကိုယူဆောင်ခဲ့သည့် သတင်းကိုဖော်ပြမှုကြောင့် ဗိုလ်မှူး ဘုန်းမြတ်ကျော်က တရားလိုပြုလုပ်၍ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် ဇန်နဝါရီလ ၂၂ ရက်တွင် အမှုဖွင့်ခဲ့ပြီးလျှင် ၂၀၁၉ ခုနှစ် မေလ ၁၁ ရက်နေ့တွင်

အယ်ဒီတာချုပ်နှင့် အမှုဆောင်အရာရှိချုပ် ဦးအောင်မင်းဦးကို ရဲသတင်းတပ်ဖွဲ့ SB ကတရားလိုလုပ်၍ မတရားအသင်းဆက်သွယ်​ရေး ပုဒ်မ ၁၇ ( ၁) ဖြင့် စစ်တွေမြို့မရဲစခန်းတွင် အမှုဖွင့်ခဲ့သည်။

အလားတူ DMG ၏ မောင်တောအခြေစိုက် သတင်းထောက် ကိုအောင်ကျော်မင်းကိုလည်း ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် လမ်းတံတားဦးစီးဌာနက တရားလိုလုပ်၍ ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ မောင်တောမြို့မ ရဲစခန်းတွင်အမှုဖွင့်ခဲ့သည်ကို တွေ့ရသည်။

DMG သတင်းဌာနမှာ သတင်းဌာနလိုင်စင်လျှောက်ထားခဲ့သော်လည်း စစ်ကောင်စီက လိုင်စင်မထုတ်ပေးသည့် သတင်းဌာနတစ်ခုဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ