Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
Breaking News: အမ်းမြို့နယ် တပ်တော်မြို့ကို စစ်ကောင်စီက လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေ၊ ဆေးရုံနှင့် စာသင်ကျောင်း မီးလောင်နေဟုသိရ

AB News-မတ်လ ၂၊ ၂၀၂၄

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တည်ရှိရာ အမ်းမြို့နယ် တပ်တောင်မြို့ကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်လျက်ရှိပြီး၊ ဆေးရုံနှင့် စာသင်ကျောင်းတွင် ဗုံးကျကာ မီးလောင်လျက်ရှိကြောင်း ကနဦးသတင်းရရှိသည်။

ယနေ့ မနက်က စစ်ကောင်စီက Y12 အမျိုးအစားလေယာဥ်ဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တပ်တောင်မြို့ဧရိယာအား စစ်ကောင်စီက ဖုန်းလိုင်း အင်တာနက်လိုင်းများကိုလည်း ဖြတ်တောက်ထားသည့်အတွက် သတင်းအတိအကျရရှိနိုင်ရန် အခက်အခဲ ဖြစ်နေသည်။

ယောဥ်ပေါ်မှ ဗုံးကြီး ၃ လုံးချထားခဲ့ပြီး ဆေးရုံတွင် တစ်လုံး၊ စာသင်ကျောင်းတွင် တစ်လုံးနှင့် မြို့ထဲတွင်တစ်လုံး ဗုံးကြဲချခဲ့ကြောင်း သိရသည်။

တပ်တောင်မြို့မှာ အမ်းမြို့မှ ၂၅ မိုင်ခန့်သာဝေးသော မြို့ဖြစ်ပြီး ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ကြား ၂ ဖက်တိုကပွဲ ဖြစ်ပွားခြင်းလည်း မရှိသေးသည့် နေရာဖြစ်သည်။

Website
www.arakanbaynews.com    

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ