
မာန်အောင်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ ကင်းလှည့်နေ
AB News-နိုဝင်ဘာ ၁၇၊၂၀၂၃
ရက္ခိုင်ပြည် မာန်အောင်မြို့တွင်းတွင် ယနေ့ ည ၉ နာရီမှ စပြီး စစ်ကောင်စီတပ်ဖွဲ့ ရဲဝတ်စုံဝတ်ကာ ဆိုင်ကယ် ၁၀ စီး လူအင်အား ၂၀ ခန့်ဖြင့် ကင်းလှည့်နေကြောင်း မြို့ခံများ သတင်းပေးချက်အရ သိရသည်။
မာန်အောင်မြို့အား စစ်ကောင်စီရေတပ်မှ နေဗီ ၄ စီးဖြင့် ဝိုင်းထားပြီး မြို့မစခန်းမှ ထွက်ပြေးသွားသည့် ရဲအဖွဲ့နေရာတွင် ရဲဝတ်စုံဝတ် ပုံပြောင်း စစ်သားများ နေရာယူထားကြောင်းသိရသည်။