Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
Breaking News

ဒုံးပိုက်စခန်းကို AA မှ သိမ်းပိုက်ရရှိပြီး၊ ချိန်ခါလီစခန်းအား ဆက်လက်သိမ်းပိုက်ရန် ကြိုးစားနေ

ဒုံးပိုက်စခန်းကို AA မှ သိမ်းပိုက်ရရှိပြီး၊ ချိန်ခါလီစခန်းအား ဆက်လက်သိမ်းပိုက်ရန် ကြိုးစားနေ

AB News-နိုဝင်ဘာ ၁၃ ရက်

ရခိုင်ပြည် ရသေ့တောင်မြို့နယ်ရှိ စစ်ကောင်စီ၏ ဒုံးပိုက်စခန်းကို ရက္ခိုင့်တပ်တော် AA မှ သိမ်းပိုက်ရရှိထားပြီး ချိန်ခါလီ နယ်ခြားစောင့်စခန်းကို ဆက်လက်သိမ်းပိုက်ရန် ကြိုးစားနေကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

လက်ရှိအချိန်အထိ ၂ ဖက်တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ပြီး၊ လက်နက်ကြီး ပစ်ကူများဖြင့် စစ်ကောင်စီဖက်က ပစ်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ဒုံးပိုက်စခန်းတော့ သိမ်းပိုက်ပါပြီ၊ မီးတွေလည်းလောင်နေတယ်၊ လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတယ်” ဟု ဆိုသည်။

ချိန်ခါလီနယ်ခြားစောင့်စခန်းကို ဝင်တိုက်နေသည့်အတွက် ပြည်သူများလည်း ရွာမှ ထွက်ပြေးနေရကြောင်း သိရသည်။

ရက္ခိုင့်တပ်တော် AA မှ စစ်ကောင်စီတပ်စခန်းများအား ယနေ့ မနပိုင်း ၅နာရီ ၃၀တွင် စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

ဓာတ်ပုံ-RFA

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ