Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
Breaking News

ရခိုင်တွင် ကုန်းလမ်း၊ ရေလမ်း ဆက်သွယ်ရေးများကို စစ်ကောင်စီက ပိတ်လိုက်ပြီဖြစ်၊ ဒေသခံများ ခရီးသွားလာရေး အခက်အခဲ ဖြစ်နေ

ရခိုင်တွင် ကုန်းလမ်း၊ ရေလမ်း ဆက်သွယ်ရေးများကို စစ်ကောင်စီက ပိတ်လိုက်ပြီဖြစ်၊ ဒေသခံများ ခရီးသွားလာရေး အခက်အခဲ ဖြစ်နေ

AB News-နိုဝင်ဘာ ၁၃၊ ၂၀၂၃

ယနေ့ နိုဝင်ဘာ ၁၃ ရက်နေ့ မနက် ၈ နာရီခွဲခန့်မှစ၍ ရခိုင်ရှိ အဝေးပြေးကာလမ်းမကို စစ်ကောင်စီက ပိတ်လိုက်ပြီး၊ ရေလမ်းများကိုလည်း ပိတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်အနှံ့ ရေကြောင်း ပြေးဆွဲနေသည့် ရွှေပြည်တန်အမြန်ရေယာဥ်ကိုလည်း ယနေ့ မနက် ၁၀ နာရီ ၅၀ ခန့်က ခရီးစဥ်များ ဖျက်သိမ်းကြောင်း ရွှေပြည်တန်က ကြေညာလိုက်သည်ကို တွေ့ရသည်။

စစ်တွေတွင် ကျောင်းတက်နေသည့် ကျောင်းသားများနှင့် ခရီးသည်များမှာ ခရီးသွားလာရေး အခက်ကြုံမေရကြောင်း သိရသည်။

လက်ရှိတွင် ရခိုင်ပြည်၌ မင်းပြားနှင့် ရသေ့တောင်မြို့နယ်တို့တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲ ပြင်းထန်လျက်ရှိပြီး စစ်ကောင်စီဖက်က ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးကျည်ထိ၍ အရပ်သား ထိခိုက်ဒဏ်ရာရရှိမှုများလည်း ရှိလာနေသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ