Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
Breaking News: ရမ်းဗြဲမြို့ကို အကြမ်းဖက်စစ်ကောင်စီအဖွဲ့ ဗုံးကြဲတိုက်ခိုက်၍ အသက် ၁၃နှစ်အရွယ် အမျိုးသားငယ် ၁ဦး သေဆုံး၊ ၂ဦး ထိခိုက်ဒဏ်ရာရ

AB News – မတ်လ ၃၀၊ ၂၀၂၄

ရက္ခိုင်ပြည်၊ ရမ်းဗြဲမြို့ကို အကြမ်းဖက်စစ်ကောင်စီအဖွဲ့က ယနေ့ မတ်လ ၃၀ ရက်နေ့ နံနက် ၁၁ နာရီခွဲ အချိန်တွင် Jet Fighter ၂စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အသက် ​၁၃နှစ်အရွယ် အမျိုးသားငယ် ၁ဦး သေဆုံးပြီး ၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက အတည်ပြုပြောဆိုသည်။

သေဆုံးသူမှာ ရမ်းဗြဲမြို့နယ်၊ ဖက်ကြပ်ရွာမှ မောင်ဖြိုးကို ၁၃နှစ်ဖြစ်ပြီး ဒေါ်ခင်ဆန်းရီ ၃၇နှစ်နှင့် ဦးဘိုခိုင် ၅၆နှစ်တို့ ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။

ယနေ့ နံနက် ၁၁ နာရီခွဲ အချိန်တွင် စစ်ကောင်စီအဖွဲ့က ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၁ဦး သေဆုံးပြီး ၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကျေးရွာသား ၁ဦးက ပြောသည်။

“ဒီနေ့ မနက် ၁၁ နာရီခွဲအချိန်မှာ ဖက်ကြပ်ရွာကို စစ်ကောင်စီအဖွဲ့က ဗုံး ၂လုံး ကြဲချပစ်ခတ်ခဲ့တယ်။ ရွာအတွင်း ကျရောက်ပေါက်ကွဲပါတယ် ၁ ယောက်ပွဲချင်းပြီး သေသွားပါတယ်။ ကလေးပဲရှိပါသေးတယ်။ ၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်” ဟု ဆိုသည်။

ရမ်းဗြဲမြို့အတွင်းရှိ  အမှတ် ၄ ကင်းတဲရပ်ကွက်၊ ချောင်းနွယ်ရွာ၊ လက်ပံရွာနှင့် ဖက်ကြပ်ရွာတို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် ၁၁ နာရီခန့် အချိန်တွင် စစ်ကောင်စီအဖွဲ့က ရမ်း​ဗြဲမြို့ရှိ နေရာ ၄ခုတွင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင့် ဒေသခံ ၁ဦးက AB News သို့ ပြောသည်။

“ဒီနေ့ ၁၁ နာရီကျော်အချိန်မှာ ရမ်းဗြဲမြို့ကို Jet Fighter ၂စီးနဲ့ ဗုံးကြဲခဲ့တယ်။ ဖက်ကြပ်ရွာမှာ သေဆုံး၊ ဒဏ်ရာရရှိသူတွေ ရှိတယ်။ နေအိမ်တွေလည်း ပျက်စီးသွားတယ်။ ရမ်းဗြဲမြို့ဟာ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လုံးဝ ပျက်စီးသွားရပြီ” ဟု ဆိုသည်။

ရမ်းဗြဲမြို့ကို စစ်ကောင်စီအဖွဲ့က အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြို့ခံများမှာ နေရပ်မပြန်နိုင်ဘဲ စစ်ရှောင်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၁၁ ရက်၊ နေ့လယ် ၁ နာရီ ၁၅ မိနစ်အချိန်တွင် ရမ်းဗြဲမြို့အတွင်း နောက်ဆုံးကျန်ရှိ နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအားလုံးကို တစ်ယောက်မကျန်ရှင်းလင်းနိုင်ခဲ့ပြီး ရမ်းဗြဲမြို့သည် ရက္ခိုင့်တပ်တော်မှ လုံးဝအပြီးသတ်သိမ်းယူလိုက်သည့် မြို့တစ်မြို့ဖြစ်လာခဲ့သည်ဟု ရက္ခိုင့်တပ်တော်က ထုတ်ပြန်ခဲ့သည်။

ရမ်းဗြဲမြို့နယ်တွင် စစ်ကောင်စီ၏ စစ်သင်္ဘောက လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြီးခဲ့သည့် မတ်လ ၁၂ရက်၊ ညဥ့် ၁၁နာရီခန့်အချိန်တွင် အရပ်သား ၁ဦးသေဆုံးပြီး၊၂ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ရသည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ