
AB News-မတ်လ ၁၈၊ ၂၀၂၄
ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ်ရှိ သာဒေ(မူဆလင်)ရွာကို စစ်ကောင်စီအဖွဲ့က လေကြောင်းတိုက်ခိုက်မှုကြောင့် ရွာသား ၅၀ခန့်အစုလိုက်ပြုံလိုက် သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ အများအပြားရှိကြောင်း ကနဦး သိရှိရသည်။
ယနေ့ မတ်လ ၁၈ရက်၊ နံနက် ၁နာရီကျော်အချိန်တွင် စစ်ကောင်စီအဖွဲ့က Jet Fighter ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာသား အများအပြား သေဆုံး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ ၁ ဦးက ပြောသည်။
“ဒီနေ့ မနက် ၁နာရီကျော်မှာ သာဒေရွာ ဗုံးကြဲခံရတယ်။ ထိခိုက်သေဆုံးမှုတွေ အများအပြား ရှိတယ်လို့ သတင်းထွက်နေတယ်” လို့ ဆိုသည်။
ဗုံးကြဲတိုက်ခိုက်မှုအတွင်း သာဒေကျေးရွာမှ ကလေးအများစု ထိခိုက်သေဆုံးနိုင်ကြောင်း ဒေသခံများက ပြောဆိုသည်။
ဗုံးကြဲတိုက်ခိုက်အတွင်း ထိခိုက်သေဆုံးမှုအရေအတွက်အတိအကျကို AB News မှ ဆက်လက်စုံစမ်းလျက်ရှိသည်။
Website
www.arakanbaynews.com
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL