Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
Breaking News: စစ်ကောင်စီက မြောက်ဦးကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ ၁ ဦးပွဲချင်းပြီးသေဆုံး ၊ ၂ ဦးပြင်းထန်ဒဏ်ရာရရှိကာ အိမ်ခြေအများအပြားပျက်စီး

AB News – မတ်လ ၁၇၊ ၂၀၂၄

ယနေ့ မတ်လ ၁၇ ရက်နေ့ မနက်က ရက္ခိုင်ပြည်၊ ရှေးဟောင်း မြောက်ဦးမြို့ကို အကြမ်းဖက်စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ ပြည်သူ ၁ ဦးပွဲချင်းပြီးသေဆုံးကာ ၂ ဦးပြင်းထန်ဒဏ်ရာရရှိပြီး အိမ်ခြေအများအပြား ပျက်စီးခဲ့ရကြောင်းသိရသည်။

သေဆုံးသွားသူမှာ မြောက်ဦးမြို့ ကြက်လျှာကျွန်းရပ်ကွက်မှ အဖ ဦးအမဲ၏သမီး အသက် ၃၇ နှစ်အရွယ် ဒေါ် ဘုဘု ဖြစ်သည်။

စစ်ကောင်စီသည် ယနေ့ မတ်လ ၁၇၊ နံနက် ၅ နာရီ ၅၂ မိနစ်အချိန်တွင် ဂျက်ဖိုက်တာဖြင့် ကုန်သည်တန်းရပ်ကွက်သို့လာရောက်ပြီး ပေါင် ၂၀၀ ဗုံးကြဲချခဲ့ရာ ဒေါ်ဘုဘု သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။

“မနက်ပိုင်း ၆ နာရီထိုးခါနီးမှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ လာပြီးဗုံးကြဲ သွားတယ်။ သူကလည်း လမ်းဘေးနားမှာရပ်နေတာ၊ လက်နက်ကျည်စက ခေါင်းကိုဖောက်သွားပြီး သေဆုံးသွားပါတယ် ” ဟု ဆိုသည်။

အလားတူ အကြမ်းဖက် စစ်ကောင်စီသည် မြောက်ဦးမြို့ နန်းရာကုန်းအနီးတဝိုက်နှင့် တောင်ရပ်ခွဆုံအပါအဝင် ဘားဘူတောင်အနီးသို့ ဂျက်ဖိုက်တာဖြင့် လှည့်ပတ်ပစ်ခတ်ခဲ့ရာ အိမ်ခြေအများအပြားပျက်စီးသွားခဲ့ရကြောင်း သိရသည်။

ဒဏ်ရာရရှိသူ ၂ ဦးသည် နီးစပ်ရာဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်။ ၎င်းထဲမှ ၁ ဦးမှာ ဒဏ်ရာ ပြင်းထန်သည့်အတွက် အသက်အန္တရာယ်စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေကြောင်း သိရသည်။

စစ်စခန်းများ လက်လွှတ်ဆုံးရှူံးခဲ့ရသောအကြမ်းဖက် စစ်ကောင်စီသည် မြောက်ဦးမြို့ကို နေ့စဥ်ရက်ဆက် လေကြောင်းဖြင့် တိုက်ခိုက်မှုများပြုလုပ်လျက်ရှိနေသည်။

ပြီးခဲ့သည့် မတ်လ ၁၆ ရက် နံနက် ၇နာရီခန့ျအခြိနျတှငျ စစ်ကောင်စီက မြောက်ဦးမြို့နယ် ပုရိန်ကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ၁၃နှစ်အရွယ် မူဆလင်အမျိုးသား ၁ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အလားတူ မတ်လ ၁၅ ရက်နေ့ကလည်း စစ်တွေမြို့အခြေစိုက် စစ်ကောင်စီတပ်စခန်းမှ ပစ်ခတ်သည့် လက်နက်ကြီးကျည် ၁ လုံးသည် မြောက်ဦးမြို့တွင် ကျရောက်ပေါက်ကွဲခဲ့ကာ အသက် ၁၈နှစ်အောက်အမျိုးသမီးငယ် ၁ဦး သေဆုံးကာ ကလေးငယ် ၁ဦးဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။

Website
www.arakanbaynews.com

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ